Unicode
Jungkook အိပ်ယာပေါ် ပစ်လှဲချလိုက်သည်...ခေါင်းအုံးကို မျက်နှာအပ်ရင်း သူသည်းထံစွာ ငိုကြွေးမိ၏....ခုချိန်မှာ ဘယ်လိုခံစားနေရလဲ....သေချာပေါက် ရူးလောက်အောင် နာကျင်နေတာပေါ့....
တဖက်က ကိုယ့်ချစ်သူ...တဖက်က ကိုယ့်အနုပညာ....တဖက်က ကိုယ့်ရဲ့ပရိသတ်....များပြားလွန်းတဲ့ ရွေးချယ်စရာတွေထဲမှာ မဖြစ်မနေ လက်လွှတ်ရမည်က ဘာလဲ.....
မစဉ်းစားချင်...အတ္တကြီးတယ်ပဲပြောပြော သူဘယ်အရာကိုမှ လက်လွှတ်မပေးချင်ပါ....သို့ပေမဲ့ လတ်တလောမှာတော့ ချစ်ရသူကို စကားမပြောချင်သေး....မျက်နှာချင်းလည်း မဆိုင်ချင်သေး....
စိတ်ဆိုးလို့လား...မဟုတ်...ချစ်ရသူနာကျင်နေတာကို မကြည့်ရက်၍သာ....သူတောင် ခံစားနေရရင် အမြဲတမ်း မာကျောချင်ယောင်ဆောင်တတ်ပေမဲ့ အရမ်းကိုဝမ်းနည်းလွယ်တဲ့ သူ့ရဲ့ချစ်သူလေးဆို ပိုနာကျင်နေရရှာမည်လေ....
*ခနလေးပဲ စောင့်ပေးပါ hyung...ဒီအတိုင်းလေးပဲ ရှေ့ဆက်တိုးမှာမို့ ကျွန်တော်စိတ်တွေ တည်ငြိမ်သွားတဲ့ထိ ခနလေးပဲ စောင့်ပေးပါ....*
"Jungkookie....''
သူ့ကိုခေါ်လာတဲ့ အသံနဲ့အတူ နွေးထွေးတဲ့ လက်ဖဝါးပြင်က သူ့ကျောပြင်ထပ် ဖြည်းညှင်းစွာ ပုတ်ပေးလာသည်....
"Jin Hyung....''
သူထထိုင်လိုက်တော့ jin hyungက သူ့ကိုထွေးပွေ့လာ၏....
"Jungkookie အရမ်းခံစားနေရတယ်ဆိုတာ Hyungသိပါတယ်...ဒါမဲ့ကွာ...ခုလိုကြီးတော့ ငိုမနေပါနဲ့...Jungkookieက ငိုနေတော့ Hyungတွေလဲ ဝမ်းနည်းရတာပေါ့...ပြီးတော့ Hyungတို့ အပြစ်မကင်းသလိုလဲ ခံစားရတယ်...''
သူ Jin hyungခါးကို ပြန်ဖက်လိုက်သည်....မငိုချင်ပေမဲ့ အလိုလို စီးကျနေတဲ့ မျက်ရည်တွေကို သူဘယ်လို ဟန့်တားနိုင်ပါမလဲလေ....
"Hyungတို့နဲ့...ဘာမှမဆိုင်တာမို့လို့....ဝမ်းနည်းမနေပါနဲ့...ပြီးတော့...Suga hyungကို... ကျွန်တော်...ဟင့်...ဟင့်...''
ငိုမိသည်...တကယ်ကို ရင့်ရင့်သီးသီး ငိုမိပါသည်...မငိုစေဖို့ ဘယ်လောက်ပဲ ထိန်းထားထိန်းထား....Jin hyungရင်ခွင်ထဲမှာ ဘာစကားမှ ဆက်မပြောနိုင်ဘဲ ငိုနေခဲ့သည်....
VOCÊ ESTÁ LENDO
TOGETHER (COMPLETED)