TOGETHER-5

1.1K 142 35
                                    

Unicode

အိပ်ရာဘေးက စားပွဲလေးမှာ စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ Yoongiအနားသို့ Jungkook တိုးကပ်သွားလိုက်သည်...

"Hyung...ကော်ဖီ....''

"ကျေးဇူး.... ''

"ဒီနေ့ညတော့ စောစောအိပ်ပါလား....အန်ထားရတာဆိုတော့ ပင်ပန်းနေမှာ...နောက်နေ့မှ ရေးလေ...''

"ရတယ် Kookie...Hyung နောက်နေ့...အင့်....''

လက်တို့ကို ဆွဲချုပ်ရင်း သူ့မျက်နှာနားကို တိုးကပ်လာသူကြောင့် Yoongi လန့်သွားရသည်....

"ကျွန်တော်ပြောတာကို ဒီတခါတော့ နားထောင်ပေး...အဲ့စာရွက်တွေဆီပဲ မျက်လုံးရောက်မနေနဲ့....''

"Kookie?!!!....."

ရုတ်တရက် ပွေ့ချီခြင်းကို ခံလိုက်ရတာမို့ သူ့လက်တို့က ကောင်ငယ်လေး လည်တိုင်မှာ ချိတ်လျက်သား...ထို့နောက် ကုတင်ပေါ်လှဲစေပြီး ထွေးဖက်လာသူကြောင့်...

"Kookie...ဟိုဘက်ကုတင်မှာ သွားအိပ်လေ...''

"မအိပ်ပါဘူး...တူတူအိပ်ချင်လို့မှ အခန်းပြောင်းလာပါတယ်ဆို...''

"Kookie...Hyung အု....''

မိမိစကားပြောဖို့ ပြင်သော်လည်း နှုတ်ခမ်းထက်မှ အထိအတွေ့ကြောင့် ပြောလက်စတို့ ရပ်သွားရသည်...

"ထပ်ပြောရင် မနက်ဖြန် စကားမများနိုင်တော့အောင်ထိ နမ်းပေးမယ်....အိပ်တော့....''

ဖျက်ခနဲ အမှောင်ကျသွားသော အခန်းနှင့်အတူ သူ့ရှေ့ဆက် စကားဆိုဖို့ မစွမ်းတော့ပါ...

ထို့ကြောင့် ဤအတိုင်းသာ ငြိမ်ပေးရင်း ထိုကောင်လေးခါးကို မသိမသာ လှမ်းဖက်ကာ အိပ်စက်ခြင်းနယ်သို့....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hyung...နေကောင်းပြီလား....လာ...ဖြည်းဖြည်းချင်း ထိုင်နော်...ကျွန်တော် ဆန်ပြုတ်ပြုတ်ပေးရမလား....ဒါမှမဟုတ်...တခြားစားချင်တာရှိလား....သွားဝယ်ပေးမယ်လေ...''

မျက်နှာသစ်ပြီး အခန်းပြင် ထွက်လိုက်ကတည်းက မဆုံးနိုင်သော မေးခွန်းတို့နဲ့အတူ သူ့အား ကျိုးပဲ့နေသော လူနာကို ထိန်းသလိုလုပ်နေသူကြောင့် Yoongi ခေါင်းခါလိုက်ရင်း....

TOGETHER (COMPLETED)Où les histoires vivent. Découvrez maintenant