Unicode
ခရမ်းရောင်အလင်းတန်းလေးတွေနဲ့ ပြည့်နေတဲ့ Concertပွဲတခု၌....
ကောင်လေးခုနှစ်ယောက်ရဲ့ အပြုံးတွေနဲ့အတူ ပရိသတ်တို့ရဲ့ တခဲနက် အားပေးသံတို့က ဆူညံနေလျက်.....
ရုတ်တရက် ကောင်လေးတယောက်ရဲ့ခါးကို အနောက်ကနေ ဖက်လိုက်တဲ့ကောင်လေး....
အဖက်ခံလိုက်ရတဲ့ ကောင်လေးကလဲ သူ့အားဖက်တွယ်လာတဲ့ လက်အစုံကို ပြန်ဆုပ်ကိုင်ကာ အနောက်ကိုလှည့်ပြီး ပြုံးပြလိုက်သည်....
ထိုမြင်ကွင်းအား အပြုံးမမည်တဲ့ ဟန်ဆောင်အပြုံးတို့နဲ့ ကြည့်နေခဲ့တဲ့ကောင်လေးကိုတော့ ဘယ်သူမှ မမြင်ခဲ့ရှာ....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
."Hyung!!!"
အခန်းထဲကို ပြေးဝင်လာတဲ့ Jungkookကြောင့် Jinမျက်နှာရှုံ့လိုက်သည်....
"လာပြန်ပြီ....ဒီိညလဲ ဒီမှာအိပ်မလို့လား....''
"ဒါပေါ့....''
"အေးပါအေးပါ...ဟွန်း.... ငါ့ဘာသာ မုန့်သွားစားတာပဲကောင်းတယ်....''
အခန်းအပြင်ကို ထွက်သွားတဲ့ Jinကို တချက်ရှိုးကာ Jungkook ကုတင်ပေါ်မှာ ကျောပေးလှဲနေတဲ့ Yoongiဘေးကို ဝင်လှဲပြီး နောက်ကနေ ခါးကိုခပ်တင်းတင်း ဖက်လိုက်သည်....
"Hyung......''
နားနားလေးကို တိုးကပ်ကာ ဖြေးညှင်းစွာ ခေါ်သော်ငြားလဲ ပွင့်မလာခဲ့တဲ့ မျက်ဝန်းတို့ကြောင့် Jungkook မျက်မှောင်ကြုတ်လိုက်သည်.....
အရင်ကဆို သူလာနှိုးပြီဆိုတာနဲ့ နိုးနေကြပါ...
"Hyung!....''
စိတ်မြန်လက်မြန်ရှိသူမို့ Hyungကိုယ်ငယ်ကို သူ့ဘက်ဆွဲလှည့်လိုက်ကာ သူကျယ်ကျယ်လေး ခေါ်လိုက်သည်...
ထိုအခါမှ မျက်လုံးကို မပွင့်တပွင့်နဲ့ အတင်းဖြဲကြည့်လာသူလေး....
"အင်....Jungkookလား....''
"မဟုတ်ဘူး....Kookie....Hyungရဲ့Kookie....''
သူပြောလိုက်တော့ ရှေ့မှလူသားက မျက်လုံးတို့ကို မဖွင့်သေးဘဲ ပြုံးသည်...
"Hyung... မျက်လုံးဖွင့်တော့လေဗျာ....ကျွန်တော်လာပါပြီဆို...''
"အင်းအင်း....''
VOCÊ ESTÁ LENDO
TOGETHER (COMPLETED)