တောင်ကိုရီးယား ၊ ဆိုလ်းလေဆိပ်တွင်........
"အဟား Shim Jae Yun တစ်ယောက် နောက်ဆုံးတော့ အမိမြေကို ပြန်ရောက်လာပြီကွာ... ဝူးး ဒီလတ်ဆတ်တဲ့ လေလေးကို မရှုရိူက်ရတာ ဆယ်နှစ်ကျော်တောင်ကြာခဲ့ပြီဘဲ....."
ဟုတ်ပါတယ်။ Shim Jae Yun တစ်ယောက် ၈နှစ်သားအရွယ်ကထဲက အမိမြေကိုရီးယားနိုင်ငံကနေ ဩဇီကို သွားနေခဲ့ရတာ အခု ၁၈ နှစ်ပြည့်ပြီးမှ အမိမြေကို ပြန်ရောက်လာခဲ့တော့တယ်။
သူဒီမြေလေးကို လွမ်းနေခဲ့ရတာ အတော်ကြာပြီဘဲ......။
လေဆိပ်မှာတော့.....
"ဟျောင့် ဟိုမှာ Shim Jake ဟ Jay ရေ လာဟ မြန်မြန်လာဟ"
"အေးပါ HeeSeung ရာ ဖြေးဖြေးပါဟ ငါခလုပ်တိုက်တော့မယ်.."
Lee Hee Seungတစ်ယောက် ဆယ်နှစ်ကျော်ကြာ ချစ်သူငယ်ချင်းကြီး ပြန်လာတော့မယ်မှန်းသိတော့ စိတ်ထဲ အရမ်းတွေပျော်နေတော့တယ်။
Jay ကတော့ သူ့ရဲ့ cool guy image ပျက်မှာဆိုးလို့ စတိုင်နဲ့ဂလိုင်နဲ့ အေးဆေးလျှောက်လာနေတယ်။
"Jakeu ရေ Jakeu ငါတို့ဒီမှာ" လို့ လက်လှမ်းပြလိုက်တော့ Jakeတစ်ယောက် ကျွန်တော်တို့ကို မြင်သွားတယ်။
ကျွန်တော်တို့လည်း Jake ကို ပြေးဖတ် Jake ကလည်း ကျွန်တော်တို့ကိုပြေးဖတ်တော့တာဘဲ။
"HeeSeung နဲ့ Jay ရေ အဟား ငါ့သူငယ်ချင်းကြီးတွေ အရမ်းတွေလွမ်းနေခဲ့ရတာ"
"ငါတို့ရောဘဲ မင်းပြန်အလာကို မျှော်ရလွန်းလို့ လည်ပင်းကြီးတောင်ရှည်နေပြီ" ဆိုပြီး လည်ပင်းကို လှန်ပြတယ်။ တကယ့်ကောင်...။
"အဟား အေးပါကွာ လာလာ အိတ်တွေကူသယ်ကြပါအုန်း ဟီး ငါမနိုင်တော့လို့"
"အကိုတော်က မရောက်သေးဘူး စခိုင်းပြီ"ဆိုပြီး Jay က မဲ့ပြတော့တာဘဲ။
"အဟီး မင်းတို့ဖို့ လက်ဆောင်တွေပါပါတယ်ကွ"
"အေးပါ အေးပါ ဟုတ်ပါပြီ သယ်ပေးပါမယ်"
ကဲကားပေါ်တက် မင်းအန်တီလေးတို့က အိမ်မှာစောင့်နေတယ် မင်းဖို့လည်း ရှယ်ချက်ထားတယ်"
"မိုက်ပြီကွ ငါ့ခမျာ ကိုရီးယားအစားအစာလေးတွေ လွမ်းနေရတာ ခုဒီပြန်ေရာက်မှ အ၀စားရတော့မယ်"

ŞİMDİ OKUDUĞUN
𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!
Hayran Kurguအိမ်နီးချင်းကောင်လေး Shim Jae Yun ကို တစ်ဖက်သတ် တိတ်တခိုး ချစ်မိသော ခပ်အေးအေးနေတတ်တဲ့ကောင်လေး Park Sung Hoon တို့ရဲ့ အချစ်ဇာတ်လမ်း (◍•ᴗ•◍)❤