Part 11

421 57 32
                                    

Unicode

ဒီနေ့ ဖေဖေနဲ့ပါးပါး တို့ ပြန်လာမဲ့နေ့

ဆောင်းဟွန်း တစ်ယောက် အစောကြီးထ အဝတ်အစားဘာညာ သေသေသပ်သပ်ဝတ်ပြီး လေဆိပ်မှာ သွားစောင့်နေတယ်

လေဆိပ်ရောက်ပြီး ဆယ့်ငါးမိနစ်လောက်ရှိတော့ ပါးပါးတို့စီးလာတဲ့ လေယာဉ်က လေဆိပ်ထဲကို ဝင်လာတယ်

ဆောင်းဟွန်းလည်း မတ်တပ်ရပ်ပြီး ရပ်စောင့်နေလိုက်တော့တယ် ။

________________________________________

" ဆောင်းဟွန်းနား "

" ပါးပါး ရောက်ပြီလား " ပြောတုန်းရှိသေး ဆောင်းဟွန်းကို အတင်းလာဖတ်တဲ့ ပါးပါးဂယူ

" အာဒီဂူး ငါ့သားလေး တစ်ယောက်ထဲနေခဲ့ရတာ အဆင်ပြေရဲ့လား ပါးပါးက စိတ်တေပူနေတာ ခုမှ ရင်ထဲက အလုံးကြီးကျတယ် "

" အဆင်ပြေပါတယ် ပါးပါးရ ဒါနဲ့ ဖေဖေဂန်ထယ်ကော "

" ဟိုမှာ " ဆိုပြီး ပါးပါးက မျက်စပစ်ပြတော့ ကျနော်တို့ကို လာဖတ်ဖို့ပြင်တဲ့ ဖေကြီး

" ဘညလဲ လာဖတ်ဖို့ ချောင်းနေတာလား မလာနဲ့နော် ရှိတဲ့ ပစ္စည်းနဲ့ ကောက်ထုလိုက်ရ "

" ဟင်?? " ဆောင်းဟွန်းတစ်ယောက် နားမလည်တော့

" ဂယူရား စိတ်ဆိုးပြေပါတော့ကွာ တမင်မှမဟုတ်တာ မတတ်သာလို့ ပြုံးပြမိတာပါဆို "

" ဘာမှလာမပြောနဲ့ ဘာမှမသိချင်ဘူးဘဲ " ဆိုပြီး ခြေတဆောင့်ဆောင့်နဲ့ ထွက်သွားတဲ့ ပါးပါး

" ဖေကြီး ဘလိုတွေဖြစ်တာ "

" မပြောချင်တော့ပါဘူးကွာ ယောန်ဂျွန်ဟျောင့် သားကို မင်းဘဲ ပြောပြလိုက်တော့ "

" အေးဟုတ်ပြီ အဲ့ကိစ္စ လမ်းမာပြောပြမယ် ကဲခုလာပါအုန်း ငါ့တူလေးကို မတွေ့ရတာကြာလှပြီ ထွားလာလိုက်တာကွာ "

" ကျနော်လည်း ဦးလေးကို လွမ်းနေတာ "

အဲ့လိုလေဆိပ်မှာ အလွမ်းသယ်ပြီး ကားပေါ်ကို တက်လာခဲ့ကြတယ်

____________________________________

လမ်းမှာ တိုက်ပွဲကတော့ အတော်ပြင်းထန်နေ
ပါးပါးက ဖေကြီးဘာပြောပြော နားမထောင်ဘူး နားကြပ်ကြီး တပ်ပြီး သီချင်းးနားထောင်နေတယ်
ဖေကြီးကတော့ ချော့နေတာ ပါးစပ်က အမြုပ်ထွက်တော့မယ်

𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!Onde histórias criam vida. Descubra agora