Unicode
ဂျယ်ယွန်းတစ်ယောက် မနေ့ညက ဖြစ်ခဲ့တာတွေကို ခုထိမယုံနိုင်သေး
သူတကယ်ကြီး ဆောင်းဟွန်းနဲ့ ရည်းစားဖြစ်သွားတာလားဆိုပြီး ကိုယ့်ကိုကို ပြန်မေးလိုက် ဟုတယ်ဟဆိုပြီး မျက်နာကြီးနီပြီး ရှက်သွားလိုက်နဲ့ တစ်ေယာက်ထဲ အမျိုးမျိုးဖြစ်နေသည်
ခနနေတော့ အောက်ထပ်ကနေ
" ဟဲ့ ရှင်းဂျယ်ယွန်း မထသေးဘူးလား ငါတောင် အလုပ်သွားရတော့မှာ ထတော့ဟဲ့ အတန်းနောက်ကျမယ် "
" ထပြီ တီလေးရေ ထပြီ ထပြီ "
" အေးအေးဟုတ်ပြီ မြန်မြန်လုပ် "
" ဟုတ်ဟုတ် "
ဂျယ်ယွန်းလည်း အိပ်ရာဘာညာ သိမ်းပြီး မျက်နာသစ်ရေချိုးလုပ်ဖို့အလုပ် ဆောင်းဟွန်းဆီက ဖုန်းဝင်လာတယ်
" ဟယ်လို ဆောင်းဟွန်း "
" ဟယ်လို ကိုယ့်အချစ်လေး နိုးပြီလား "
ရေသောက်နေတဲ့ ရှင်းဂျယ်ယွန်း သီးသွားသည်
" ဟမ် ဆောင်းဟွန်း ဘယ်လိုကြီးခေါ်လိုက်တာလဲ "
" ကိုယ့်အချစ်လေးမလို့ ကိုယ့်အချစ်လေး ခေါ်တာလေ ဘာလဲ ငြိုငြင်တာလား "
" အမလေး ဆောင်းဟွန်းရာ မဟုတ်ပါဘူး ပထမဆုံးဆိုတော့ လန့်သွားလို့ပါ "
" လန့်သွားတာလား ရှက်သွားတာမဟုတ်ဘူးလား ကိုယ်သိပါတယ် အဟက် "
" ကျောင်းရောက်ရင်တွေ့မယ် ငါနဲ့ "
" ဟာ အချစ် ခန..."
ဟိုဘက်က စကားမဆုံးသေး ဖုန်းကို အရင်ချပစ်လိုက်တဲ့ ဂျယ်ယွန်း
" ဟွန်း ဘယ်လိုလူလဲ ရှက်နေမှာ သိရဲ့သားနဲ့ဟာကို လာစနေတယ် ကျောင်းရောက်ရင်တော့ နာပြီဘဲ ဒါနဲ့ ဒါဘုရားစူး အရင်က shy boyပါနော် အမလေး သွေးတက်ပြီ ရှင်းဂျယ်ယွန်းရေ "
__________________________________________
ကျောင်းရောက်တော့ ဆောင်းဟွန်းကို ဂျယ်ယွန်းတစ်ယောက် လိုက်ရှာနေရသည် အကြောင်းရင်းကတော့ သူတို့အကြောင်းကို သူငယ်ချင်းတွေကို ဖွင့်ပြောမှာလား မပြောဘူးလား မတိုင်ပင်ရသေးလို့

أنت تقرأ
𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!
أدب الهواةအိမ်နီးချင်းကောင်လေး Shim Jae Yun ကို တစ်ဖက်သတ် တိတ်တခိုး ချစ်မိသော ခပ်အေးအေးနေတတ်တဲ့ကောင်လေး Park Sung Hoon တို့ရဲ့ အချစ်ဇာတ်လမ်း (◍•ᴗ•◍)❤