Part . 4

607 90 13
                                    

"ပတ်ခ်ဆောင်းဟွန်း!!!"

ကျနော်ချော်လဲတော့မလို့ကို ဖမ်းပေးလိုက်တာက အဲ့ဒီ ရေခဲကောင်ဆိုတာဘဲ!

"အဲ့လိုကြီးဘဲ ရင်ခွင်ထဲကနေ မော့ကြည့်နေတော့မှာလား ငါမနိုင်တော့ဘူး " ဆိုပြီး သကောင့်သားက ပြုံးစိစိကြီးနဲ့ ငုံ့ပြောတယ်။

"အမယ် ဘယ်သူက ဝင်ထိန်းခိုင်းလို့လဲ ငါ့ဘာငါ ထိန်းနိုင်တယ် မင်းဘာသာ ငါ့ကို လှမ်းဖတ်တာ"

"ဟင် မေးတာ တစ်ခြား ဖြေတာတစ်ခြား ပြီးတော့ငါကဘဲ ဇွတ်ဝင်ထိန်းရတယ်ဖြစ်သေး အံ့ငြဘ " ဆိုပြီး ကျနော့်ကို ဖမ်းထားတဲ့ သူ့လက်ကို လွှတ်ချလိုက်တယ်။

"အာ့!!!"

"မင်းဘယ်လိုလုပ်လိုက်တာလဲ ဒီမှာ ငါခါးနာသွားပြီ ဘာလို့ ဖမ်းထားတဲ့ လက်ကို လွှတ်ချလိုက်ရတာလဲ အကြင်နာတရားမရှိတဲ့ကောင် "

"ဪဟော် မင်းဘဲ ဘာလို့ဇွတ်ဝင်ထိန်းလဲဆို"

"အာ တကယ့်ကို လူ့ဂွစာဘဲ ငါက ရှက်ရမ်းရမ်းပြီးပြောလိုက်... ပာ ဘာမှမဟုတ်တော့ဘူး" ဆိုပြီး ဇွတ်အတင်းထပြီး ပြေးလာခဲ့ရတယ် စကားတွေပေါ်ကုန်ပြီ အားးး။

PSH ' s POV,

ကျနော်ဖမ်းထားလိုက်လို့ ရင်ခွင်ထဲကနေ ရှက်ရမ်းရမ်းပြီး အော်နေတဲ့ ကလေး တကယ့်ကို ပုံစံကလေးက ကလေးလေး အတိုင်းဘဲ နှုတ်ခမ်းလေးထော်ပြီး ပြောနေတာ ။

သူ့ကို ဘာလို့ဝင်ထိန်းတာလဲဆိုပြီး လာအော်နေလို့ လူက စချင်လာတာနဲ့ လွှတ်ချလိုက်မိတာ အဟက်

ကောပါလေရော ပါးစပ် စက်သေနတ်တပ်ထားတဲ့အတိုင်း

ပြီးတော့ သူဘဲ ရှက်ရမ်းရမ်းပြီး လုံးတုံးတုံးနဲ့ ထွက်သွားတာ
တကယ့်ကို ပီဘိ ကလေးငယ်

ကျနော့် ပြုံးပြီးကြီးဖြစ်နေတုန်း နောက်ကို အုန်းခနဲ လာရိုက်တာခံလိုက်ရတယ် ။ လှည့်ကြည့်လိုက်တော့ ကင်မ်ဆောနူ

"ရားး ကင်မ်ဆောနူ အဲ့လိုကြီး မရိုက်ပါနဲ့ဆို နာတယ်ဟ"

"သေသေ နှာဘူးကျနေတဲ့ အကောင် ငါ့မှာတော့ မင်းခေါင်းကိုက်တယ်ဆိုပြီး ပြန်သွားလို့ နေ့လည်က တစ်ယောက်ထဲ ယောင်တောင်ပေါင်တောင် ဖြစ်နေတာ အခုလည်း သက်သာပြီလား လာမေးတာကို မင်းက အိမ်မှာမရှိလို့ လိုက်လာတာ စတိုးဆိုင်ကို"

𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!Where stories live. Discover now