Unicode
ပတ်ခ်ဆောင်းဟွန်းနဲ့ ရှင်းဂျယ်ယွန်းတို့ ချစ်သူတွေဖြစ်နေတာကို ပတ်ခ်ဆောင်းဟွန်းရဲ့ အဖေနဲ့ အပါးကလည်း သူ့သားထုတ်မပြောလည်း ရိပ်မိနေတယ်
ဘာလို့ဆို ဟိုတခါ အိမ်ကို ဂျယ်ယွန်းခေါ်လာပြီး မိတ်ဆက်ကထဲက သူ့တို့သားပုံစံတွေပြောက်းနေတာ သတိထားမိတာပေါ့ ( ဥပမာ - ရှင်းဂျယ်ယွန်းကိုပါခေါ်ပြီး နေ့လည်စာအတူစားတဲ့နေ့က ရှေ့မှာ မိဘတွေငုတ်တုပ်ကြီး ရှိနေတာကိုတောင် ဟန်မဆောင်နိုင်ဘဲ ရှိသမျှ ဟင်းတွေအကုန် မိဘတွေကိုတောင် ဦးမချဘဲ ရှင်းဂျယ်ယွန်းကိုဘဲ ထည့်ပေးနေကထဲကပေါ့ )
" ဂန်ထယ်ကြီး "
" အင်းပြောလေ ဂယူရား "
" ဆောင်းဟွန်းနီးက ဂယူတို့ကို ဘယ်တော့မှ ထုတ်ပြောမှာတုန်းမသိဘူး တကယ်လို့ ဆောင်းဟွန်းဘက်က ထုတ်ပြောလာရင်ကော လက်ခံမှာလားဟင် "
" အင်း...အဲဒါက..."
" ဘာလဲ လက်မခံဘူးလား "
" မဟုတ်ရပါဘူးကွာ လက်ခံမှာပေါ့ ဂျယ်ယွန်းလေးကလည်း ရည်ရည်မွန်မွန်ရှိတာကို ကိုတို့ဆောင်းဟွန်းနီးနဲ့ အဆင်ပြေမှာပါ "
" အင်းနော် ဟုတ်ပါတယ် ဆောင်းဟွန်းတို့ကိုမြင်တော့လေ ငယ်ငယ်က ဂယူတို့နှစ်ယောက်ရဲ့ ပုံစံလေးတွေတောင် ပြန်သတိရသွားပြီ "
" ဟုတ်လား ဘယ်အချိန်လေးတွေလည်း ကို့ကိုပြောပါအုန်း "
" ဟိုဟာလေ ဂယူက မုန့်ဆိုင်မှာ မုန့်ထိုင်စားနေရင် ဂန်ထယ်က ဘေးကနေစိုက်ကြည့်နေသလိုမျိုးတို့ အဲ့လိုအချိန်တွေပြောတာ ဟီး "
" ဟုတ်လား ကိုယ်တို့နှစ်ယောက် Date တဲ့နေ့တွေကော မမှတ်မိဘူးလား "
" ဟာဘာတွေလာမေးနေတာ မသိပါဘူး မမှတ်မိဘူး "
" Date တဲ့နေ့တွေကဆို ကိုက ဂယူရဲ့ ဒီ စတော်ဘယ်ရီနှုတ်ခမ်းလေးကိုဘဲ နေ့တိုင်းစားသောက်နေရတာနော် ဟုတ်တယ်မလား "
" ဟာဘာတွေလာပြောနေတာလည်း ကြီးကောင်ကြီးမားကျမှ တော်တော့ ဆောင်းဟွန်းကြားသွားလိမ့်မယ် "
" ဘာကိုကြားရမှာတုန်း ပါးပါး "
သူ့ဖေကြီးနဲ့ ပါးပါးပြောနေတာကို ခိုးနားထောင်နေရင်းကနေ ထွက်လာတဲ့ ပတ်ခ်ဆောင်းဟွန်း "
YOU ARE READING
𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!
Fanfictionအိမ်နီးချင်းကောင်လေး Shim Jae Yun ကို တစ်ဖက်သတ် တိတ်တခိုး ချစ်မိသော ခပ်အေးအေးနေတတ်တဲ့ကောင်လေး Park Sung Hoon တို့ရဲ့ အချစ်ဇာတ်လမ်း (◍•ᴗ•◍)❤