Part 7

449 51 18
                                    

Unicode

တနဂ်နွေနေ့ Uni ပိတ်တဲ့ ရက်

ပတ်ဂျုံဆောင်း တစ်ယောက် ကျွန်တော်ရယ် အီဟီဆွန်းရယ်ကို ‌ကားနဲ့လာခေါ်ပြီး သူ့ရဲ့ ကောင်လေးကို ကြောင်ဖို့ စိတ်အားထက်သန်နေတယ်။

အီဟီဆွန်း တစ်ယောက်လည်း ပတ်ခ်ဂျေကိုကြောက်လို့သာ လိုက်ခဲ့ရတာ သူ့တပည့်လေးတွေဆိုတော့ မလိုက်ချင်ဘူး ကျွန်တော်ကလည်း ပိတ်ရက်ဆိုတော့ ပတ်ခ်ဆောင်းဟွန်းနဲ့ အတူတူ မုန့်ထွက်စားမယ်ဆိုပြီး ကြံထားတဲ့ အစီအစဉ်ပြတ် ။

" ဟီဆွန်းရေ ငါ့ကလေးလေးကို မင်းကဘဲ ခေါ်ခဲ့ပေးပါလားကွာနော် "

" သူ့ကို ကော်ဖီတိုက်မယ်ဆိုပြီး ညတုန်းက မရ ရအောင် ခေါ်ထားရတာ ငါ့မှာ "

" အဲ့ဆိုလည်း ကို့ဘာသာ သွားခေါ်လေ ဘာလို့ငါလည်း "

" မင်းက သူ့ဆရာလေကွာ အဲ့ကြောင့်ပါ နောက်ပြီး သူ့အိမ်က မင်းခေါ်ထုတ်ရင် သူ့အိမ်က ရလောက်တယ်ကွ နော် နော် ဟီဆွန်းရာ ကူညီပါကွာ "

" ဟူး အေးပါ အေးပါ ဟုတ်ပါပြီ အဲ့ဆို ငါ့ကို ဒီမှာဘဲ ချထားခဲ့ မင်းတို့ ဆိုင်ကနေ စောင့်နေ ငါ မင်းကလေးလေး‌နဲ့ လာခဲ့မယ် ဟုတ်ပြီလား အဆင်ပြေလား ဘရို "

" ပြေတာပေါ့ သိပ်သိပ်ပြေ "

________________________________________

ကျွန်တော်နဲ့ ပတ်ခ်ဂျေ နဲ့ ကော်ဖီဆိုင်မှာ အီဟီဆွန်းတို့အလာကို ထိုင်စောင့်နေကြတယ် ။

ခနအ‌ကြာ

" ဟာ ရှင်းဂျယ်ယွန်း ဟိုမှာ ငါ့ကလေးလေးပါလာတယ်ကွ ကြည့်ပါအုန်း လုံးလုံးလေး ချစ်စရာလေး ရားးး " ဆိုပြီး ကျွန်တော် လက်မောင်းကြီးကို လာရိုက်တော့တာ

" အား ပတ်ခ်ဂျေ ဖြည်းဖြည်းအူယားပါဟ ငါလက်မောင်းနာနေပြီ "

" အေးပါ ဟုတ်ပါပြီ "

ဟီဆွန်းနဲ့ အဲ့ကလေးလေးလည်း ကျွန်တော်တို့ ဝိုင်းနားရောက်လာတော့ ပတ်ခ်ဂျေက

" လာလာ ဂျောင်ဝန်းနီးလေး အကို့ဘေးထိုင် " ဆိုပြီး ဇွတ် ဆွဲခေါ်တော့တာဘဲ ။

Jay - " ဂျောင်ဝန်းနီးလေး ဘာစားမလဲ ဘာသောက်မလဲ ပြောပြော အကို့ကို "

𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!Where stories live. Discover now