ပတ်ခ်ဆောင်းဟွန်းအိမ်ကိုရောက်တော့
" ဟာ ဂျယ်ယွန်းရောက်ပြီလား ခနနော် ငါမင်းနဲ့သောက်ဖို့ ကော်ဖီဖျော်လိုက်အုန်းမယ် ထိုင်နေအုန်း သက်တောင့်သက်သာ "
" ဟာ ဆောင်းဟွန်း မလုပ်..." ( ပြောလို့မဆုံးသေး မီးဖိုချောင်ထဲ ဝင်သွား )
ခနနေတော့ ကော်ဖီခွက်နှစ်ခွက်နဲ့ ထွက်လာတဲ့ ပတ်ခ်ဆောင်းဟွန်း
* ပတ်ခ်ဆောင်းဟွန်း ဒီနေ့ အတော်ကြည့်ကောင်းနေတယ် Tee အဖြူလေးနဲ့ ဆံပင်ကိုလည်း သေချာလေး ပြင်ထားတာ သန့်ပြန့်နေရော တအား အေးပေါ့ ကောင်မလေးနဲ့ သွားတွေမှာဆိုတော့လည်း အဲ့လောက်တော့ လုပ်အုန်းမှပေါ့ *
" ဂျယ်ယွန်းနား ရော့ သောက်လိုက် ကိုယ့်ကို အဲ့လိုကြီး စိုက်ကြည့်မနေပါနဲ့တော့ ကိုယ်ရှက်တယ် "
" ဘာတုန်း ဘယ်မှာ စိုက်ကြည့်လို့လဲ မကြည့်ပါဘူး ပေးကော်ဖီခွက် " ဆိုပြီး ဆောင်းဟွန်း လက်ထဲက ကော်ဖီခွက်ကို ယူပြီး ရှက်ရှက်နဲ့သောက်ပလိုက်တယ် ။
" ဂျယ်ယွန်းနား တန်းမသောက်နဲ့ ပူ" ဆိုပြီး ဆောင်းဟွန်းက ပြောတုန်းရှိသေး သောက်ချလိုက်မိပြီ
အဲ့မှာ စဂွမ်းတာပေါ့ ကော်ဖီက အပူကြီးဆိုတော့ လျှာကို ကျစ်သွားတာဘဲ
" အား လား လား ပူလိုက်တာ ဘာလို့ မင်းက မပြောလည်း"
" ကိုယ်ပြောနေတုန်း ဂျယ်ယွန်းက သောက်ချလိုက်တာလေကွာ စကားတောင် ဆုံးအောင် နားမထောင်ဘဲ သူ့ဘာသာရှက်ရမ်းရမ်းပြီး သောက်တာကျ မပြောဘူး" ဆိုပြီး ပြုံးစိစိလုပ်နေတဲ့ ကိုယ်တော်ချော
" ဘယ်မှာ ရှက်ရမ်းရမ်းလို့လဲ ဘယ်သူကလဲ ပေါက်ကရတွေ " ဆိုပြီး ရန်ထတွေ့တဲ့ ရှင်းဂျယ်ယွန်းပါဘဲ
" အင်းပါ ဟုတ်ပါပြီ ကိုယ်က စတာပါ "
* ပတ်ခ်ဆောင်းဟွန်း ဒီနေ့ တစ်ကိုယ်တည်း ကိုယ်နေတာ ဘာဆေးတွေမှားစားထားမိလဲ မသိဘူး*
" ဂျယ်ယွန်းနား ကိုယ်ပြောအုန်းမယ် နောက်တစ်ခါ ကိုယ့်အိမ်လာမယ်ဆို ဖုန်းလှမ်းဆက်နေစရာ မလိုပါဘူး တစ်ခါထဲသာလာခဲ့ ဘာမှ မဖြစ်ဘူး "

YOU ARE READING
𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!
Fanfictionအိမ်နီးချင်းကောင်လေး Shim Jae Yun ကို တစ်ဖက်သတ် တိတ်တခိုး ချစ်မိသော ခပ်အေးအေးနေတတ်တဲ့ကောင်လေး Park Sung Hoon တို့ရဲ့ အချစ်ဇာတ်လမ်း (◍•ᴗ•◍)❤