Part 5

610 79 41
                                    

Unicode

PSH'S POV ,

ကျနော်နဲ့ ဂင်မ်ဆောနူလည်း အဲ့‌ကောင်လေး ဆီမှာ  စာမေးပြီးကထဲက သူတို့အဖွဲ့နဲ့ ကျနော်တို့ နှစ်ယောက်နဲ့ အတော် တွဲဖြစ်လာခဲ့တယ် ။

အခုလည်း ကန်တင်းမှာ ကျနော်တို့နှစ်‌ယောက်ရယ် သူတို့၏ သုံးယောက်

"ဟျောင့်ရေ လီဟီဆွန်း ငါ့ကို မင်းတပည့်လေးဆီ ခေါ်သွားပါတော့ကွာ ငါတကယ်တွေ့ချင်နေပြီဟ မတွေ့ရတာ တစ်လကျော်တော့မယ် "

"ရားးး ပတ်ခ်ဂျေ မင်းမသောက်ဘဲနဲ့ ငါ့ကို လာမရစ်စမ်းပါနဲ့ကွာ ငါက မင်းကို ဘယ်လိုခေါ်သွားရမှာလဲ အေးခေါ်သွားပြီဘဲထား သူ့သူငယ်ချင်းတီးလွှတ်လို့ ငါပါနာမှာ သိလား "

"ဘယ်သူတုန်း သူ့‌သူငယ်ချင်း ပြောစမ်း! "

"နီခီလေ ငါတို့ကို ဟိုတစ်ခါတုန်းက ဂျိုကြည့်ကြည့်သွားတဲ့ တစ်ယောက်လေ မှတ်မိလား မင်းအဲ့တုန်းက ဂျောင်ဝန်းကို ရိသဲ့သဲ့သွားလုပ်လို့ အဲ့ဂျပန်ကောင်က မင်းကိုတင်မက ငါ့ကိုပါလုပ်ချင်နေတာ အခုငါတောင် သူ့ဂိုက်ဆရာဖြစ်လာလို့သာ မလုပ်တာ မဟူတ်ရင် တစ်နေရာရာမှာ ချောင်းရိုက်မဲ့အတိုင်းဘဲဟ မင်းသိလားး ရား "

အဲ့ကြမှ ‌ပတ်ခ်ဂျေ တစ်ယောက် ကုပ်ကုပ်ကလေးငြိမ်သွားပြီး ကျနော်တို့လည်း နားငြီးသက်သာတော့တယ် ။

"ဟီဆွန်းရေ မင်းခုနက ပြောလိုက်တဲ့ နာမည်ကဘယ်သူတွေ "

"ဂျောင်ဝန်းနဲ့ နီခီလေ ဘာလို့ "

"ဟမ် တကယ် ရားး ပတ်ခ်ဆောင်းဟွန်း နီခီဆိုတာ ဟိုကလေးဘဲဟ"

"ဘယ်ကလေးလဲ "

"အာ ငါ့အိမ်ဘေးနားက ကလေးလေ ဂျပန်ကောင်လေ မင်းမှတ်မိလား ငါ့အိမ်ရှေ့လာလာပြီး ငါ့ကိုလာလာစနေတဲ့ ကလေးစုတ်လေ  "

"ဪ သိပြီ သိပြီ"

"ဟေး ဂင်မ်ဆောနူ အဲ့နီခီက မင်းတို့အိမ်ဘေးကလား ဝိုးး" ဆိုပြီး ဂျေနဲ့ ဟီဆွန်းက အံ့ဩတကြီးမေးတယ် ။

"အင်းဟုတ်တယ် သူ ငါ့ခြံဘေးက အိမ်က ကလေး ပတ်ခ်ဂျေပြောတဲ့ ဂျောင်ဝန်းကတော့ ငါ့အိမ်နဲ့ ဝေးတယ် လမ်းထိပ်မှာ "

𝐎𝐡 𝐦𝐲 𝐡𝐞𝐚𝐫𝐭!Where stories live. Discover now