အပိုင်း - ၁၈
( နန်နဥ္စံအိမ်တော်အတွင်း
စည်းကမ်းတင်းကျပ်မှု)ကျင်ချီး ခေတ္တမျှ အံ့ဩမှင်သက်သွား၏။
ထို့နောက် အမြန်ပင် သတိလည်လာကာ ဝူးရှီး၏မျက်နှာရှေ့ လက်လှမ်းလိုက်ပြီး အနည်းငယ်ဝှေ့ယမ်းပြလိုက်၏။ ထိုခါမှ ထိုကောင်လေးက မျက်လုံးသာပွင့်နေကာ အမှန်တကယ်နိုးကြားနေခြင်းမဟုတ်မှန်း ကျင်ချီးသိလိုက်ရသည်။
ထိုမျက်ဝန်းများမှာ တစ်ခုခုကို သေသေချာချာ စူးစိုက်နေြခင်းမရှိဘဲ ပျံ့လွင့်ငေးမောနေ၏။ သို့နှင့် ကျင်ချီး၏ နှလုံးသားစည်းချက်ကို လှုပ်ခတ်သွားစေခဲ့သည့်စကားကို ရေရွတ်ပြီးသွားသည့်နောက် ထိုကောင်လေးမှာ တစ်ဖက်သို့ ခေါင်းငဲ့စောင်းသွားကာ ပြန်လည်မေ့မြောသွားလေ၏။
*******
ရောင်နီလင်းချိန် ရောက်လုပြီ။
မြွေပါကတိုးကောင်လေးက ဝူးရှီးအနား ခြေပစ်လက်ပစ်နှင့် ဆန့်ဆန့်ကြီး အိပ်ပျော်နေ၏။ ကျင်ချီးကမူ ဖင်အန်းဘက်မှ စေလွှတ်ပေးပို့လာသည့် ဖျော့တော့တော့ စိမ်းပြာရောင်ဝတ်ရုံကို ဆင်မြန်းလိုက်သည်၊ သူ၏ငိုက်မြည်းနေသည့်စိတ်အစဥ်မှာလည်း လုံးဝ လွင့်ပြယ်သွားပြီဖြစ်၏။
ခေါင်းမှာ အဖြူရောင်ဆံပင်တွေနဲ့.....သုံးဘဝကျောက်တုံးကြီးဘေးနား ထိုင်နေတယ်.....
မြေအောက်ကမ္ဘာတွင် ရာစုနှစ်ပေါင်းအနည်းငယ် ကျင်လည်နေထိုင်ခဲ့သောကြောင့် ထိုနေရာ၏ စည်းမျဥ်းဥပဒေအချို့ကို ကျင်ချီး နားလည်သိရှိခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် လောလောလတ်လတ် သေဆုံးထားသော ဝိညာဥ္များကို တမလွန်လောကသို့ ဝင်လာခွင့်မပြုသေးချေ။ အခြားဥပမာတစ်ခုဆိုရလျှင် သုံးဘဝကျောက်တုံးကြီးနားထိုင်နေသောမိမိကို ဖြတ်ကျော်သွားပြီးသည့် ဝိညာဥ်တိုင်းက မုန့်ဖော်လက်ဖက်ရည်ကို သောက်သုံးပြီးသားဖြစ်နေကာ ၊ မေ့လျော့ခြင်းမြစ်ရေမှ သန့်စင်ဆေးကြောခံရပြီးသားဖြစ်နေကာ၊ အတိတ်ဘဝကို မေ့လျော့သွားပြီးသား ဖြစ်နေပေ၏ ။ ထို့ကြောင့် သုံးဘဝကျောက်တုံးနားတွင် ငြိမ်သက်တိတ်ဆိတ်စွာထိုင်နေခဲ့သော မိမိကို ထိုသူတို့က မှတ်မိနိုင်ကြလိမ့်မည်မဟုတ်ပါ။
ŞİMDİ OKUDUĞUN
အရှင်ခုနစ် [ Completed ]
Tarihi Kurguချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...