- 5 -

801 127 4
                                    

Above The Clouds ( 5 )

Unicode

" ကျေးဇူးပြုပြီး ... ကျွန်မသားအတွက် နည်းနည်း
အရေးစိုက်ပေးပါလား !! "

ဂျီမင်းအမေက ရဲမှူးရဲ့ ခုံပေါ်ကို လက်ထောက်လျက်
အတည်ပြောနေသည် ။ ရဲမှူးကတော့ ပေါ့ပြတ်ပြတ်
သာ နေရင်း ဆေးလိပ်ကို လက်တစ်ဖက်က ဖွာနေ
သည် ။

" အဲ့တော့ မင်း ရဲ့ သား ပတ်ဂျီမင်းက မနေ့က ပြန်
မလာဘဲ ပျောက်သွားတယ်ပေါ့ ။ "

" ဟုတ်ပါတယ် "

ရဲမှူးက အလွန်စိုးရိမ်နေတဲ့ မိခင်မျက်နှာကို ဒီတိုင်း
တစ်ချက် လှည့်ကြည့်လိုက်သည် ။

" အဲ့တော့ သူက ဒီမနက်လည်း ကျောင်း မသွား
ဘူးပေါ့ "

ဂျီမင်း အမေက စိတ်မရှည်တော့ဘဲ ရဲမှူး စားပွဲကို
ထုလိုက်သည် ။

" ကျွန်မ အဲ့တာတွေ အကုန်ပြောပြပြီးပြီ ။ ကျွန်မ
သားကို အမြန်ဆုံး ရှာပေးဖို့ လုပ်ပါ !! "

" မဒမ် ! စိတ်ကို အေးအေး ထားပါ ။ ကလေးတွေက
ဒီအရွယ်မှာ ဒီလိုပဲ လျှောက်သွားတတ်တာကို ။ တစ်
နေရာမှာ ဆော့နေတာလည်း ဖြစ်နိုင် ... နိုင် ... "

" မဟုတ်ဘူး မဖြစ်နိုင်ဘူး !!!! "

" မဒမ်က ဘယ်လိုသိနိုင်မလဲ ? "

" ကျွန်မ သားပဲ ကျွန်မသိတာပေါ့ ။ "

ရဲမှူးက နည်းနည်းတော့ ငြိမ်သွားသည် ။

" ဒီမှာ ရဲမှူး .. မှူး ဘာ ? နာမည်က ? "

" ပတ်ယူဂျင်း ! "

" အင်း အဲ့ဒီ ပတ်ယူဂျင်း ! ရဲမှူးပတ် ! ကျွန်မ သားက
သူများတွေနဲ့ မတူဘူး ။ သူက တစ်ခြား ကလေးတွေ
လို မဟုတ်ဘူး "

" ဘာဖြစ်လို့လဲ ? "

" သူက ကျောင်းမှာဆို အပယ်ခံလေး ။ သူငယ်ချင်း
တစ်ချို့တော့ ရှိပါတယ် ။ ဒါပေမဲ့ ရှင်သိလား ။ သူ့
ကို နာမည်ပြောင်တွေ ပေးပြီး စကြတယ် ။ မိန်းကလေး
တွေနဲ့ အပေါင်းအသင်းမလုပ်လို့ ဟို ... အင်း အဲ့လို
လည်း ခေါ်ကြတယ် ။ ကျွန်မ သားက အဲ့လို ကလေး
မျိုး ... အခုလို သူပျောက်သွားတာ အန္တာရယ် မရှိ
ဘူးလား "

ABOVE THE CLOUDS • VMINWhere stories live. Discover now