- 29 -

413 64 8
                                    

Above The Clouds ( 29 )

Unicode

ထယ်ယောင်းက မျက်လုံးကို အသာယာ ဖွင့်ပြီး ဘေး
ကို ကြည့်လိုက်တော့ သေချာ စီထပ်ထားတဲ့ အိပ်ရာ
အပြင် ဂျီမင်းကို မတွေ့ရ ။

" ဟင် ... အခုကတည်းက နိုးနှင့်နေပြီလား ? "

ထယ်ယောင်း က ခပ်တိုးတိုးရေရွတ်ကာ အကြောကို
ဆန့်လိုက်သည် ။ အိပ်ရာကို ခေါက်သိမ်းပြီး နောက်
ဖေးဘက်ဆီ ဝင်လာတော့ ထင်သည့်အတိုင်း ဂျီမင်း
က မနက်စာ ပြင်နေသည် ။

" ဂျီမင်း ? "

" နိုးလာပြီလား ? မြန်မြန် သုတ်သင်လိုက် ... "

ထယ်ယောင်းက စားပွဲပေါ်ကို ကြည့်မိတော့ မနက်စာ
က တကယ့်ကို စုံစုံလင်လင် ။

" မင်း ဒါတွေ ဘယ်အချိန်ကတည်းက ပြင်နေတာလဲ "

ဂျီမင်းက ထယ်ယောင်းကို ပြန်မဖြေဘဲ မျက်လုံးတွေ
ပိတ်သွားသည် အထိ ပြုံးသာပြုံးပြသည် ။

" ကဲပါ ... မြန်မြန် သွားပြီး သန့်စင်တော့ ! ထပ်ပြီး
ဒီလို ညစ်ပတ်နေတဲ့ ပုံနဲ့ မနက်စာ စားမလို့တော့
မဟုတ်ဘူးမလား ?! "

ထယ်ယောင်းက အရင်ကဆို ဘာမှ မလုပ်ရသေးဘဲ
ဂျီမင်း ပြင်ပေးထားတဲ့ မနက်စာကို နှိုက်စားနေကြ
မို့ ဂျီမင်းက နောက်လိုက်တာ ဖြစ်သည် ။

" ငါ အခု အဲ့လို မလုပ်တော့ပါဘူးနော် "

ထယ်ယောင်းက ဂျီမင်း စကားကို အနည်းငယ် ပြုံး
ကာ ပြန်ဖြေလိုက်သည် ။

" အဲ့လို လုပ်လည်း ရတာကို ... ပြောင်းလဲသွားတာလား ? "

ဂျီမင်းက ခပ်တိုးတိုးနဲ့ ပြောလိုက်ပေမယ့် ထယ်ယောင်း
ကတော့ မကြားဟန်ဘဲ ရေချိုးခန်း ထဲကို ဝင်သွားသည် ။

                                    //

" လာပြီလား ? ထိုင် ... "

စားပွဲမှာ အသင့်စောင့်နေတဲ့ ဂျီမင်းက ထယ်ယောင်း
ကို တက်တက်ကြွကြွ ကြိုနေသည် ။

" အင်း ... စားနှင့်နေပြီလား ? "

" ဟင့်အင်း ! မင်းကို စောင့်နေတာ "

ထယ်ယောင်းက ခုံမှာ ထိုင်လိုက်ကာ ဂျီမင်း ပြင်ပေး
ထားတာကို စားလိုက်သည် ။

ABOVE THE CLOUDS • VMINWhere stories live. Discover now