- 11 -

689 117 2
                                    

Above The Clouds ( 11 )

Unicode

" ကလေးတွေ ... လေးယောက် အခန်းအောင်းနေ
တာရပ်ပြီး ထွက်လာတော့ !!  "

ဂျီမင်းအမေက အိမ်နောက်ဖေးခန်းကနေ
ခေါ်လိုက်သည် ။

" လာပြီ အမေ !! "

ပြန်ဖြေသူက ဂျီမင်းပေမယ့် တက်ကြွနေတဲ့ ချာ
တိတ်လေးတွေက ဂျီမင်းထက်အရင် ရှေ့က သွား
နှင့်နေသည် ။

ဂျီမင်းက အခန်းထဲက ထွက်ကာ တံခါးကို လော့
ချလိုက်တော့ တံခါးဘောင်ဘေးမှာ ထယ်ယောင်း
ကို မတ်တပ်ရပ်လျက် တွေ့လိုက်ရသည် ။

" အား !! လန့်လိုက်တာ ။ ထယ်ယောင်း !
ဘာလုပ်နေတာလဲ ? "

" အမ် ... ဘာမှ မဟုတ်ပါဘူး ဟို ... "

ဂျီမင်းက ထယ်ယောင်းမျက်နှာကို သေချာ စိုက်
၍ ကြည့်လိုက်သည် ။

" မင်း ငါ့ကို ပြောစရာ တစ်ခုခုရှိတာလား ? "

" ဟင် ... အာ ... မရှိပါဘူး "

" မနက်က ကိစ္စ မကျေမနပ် ဖြစ်နေတုန်းလား "

သေချာပေါက် လိုရာ ဆိုတဲ့ မိန်းကလေး ကြောင့်ပေါ့ ။
ထယ်ယောင်းက ပတ်ဂျီမင်းနဲ့ ပတ်သက်လာရင်
ကလေးလည်း ဆန်တတ်သူမို့ ။ နှုတ်ကပြောရ
မှာလည်း ခက်ပြန်သည် ။

" မဟုတ်ပါဘူး ။ အဲ့လိုမျိုး မဟုတ်ပါဘူး ။ ငါတို့က
ကလေးတွေမှ မဟုတ်ကြတော့ဘဲ ငါပြောတာက ..
ဟိုဟာ ... တကယ်က ဒီလို ... မဟုတ်ဘူး ဂျီမင်း ! "

" ထယ်ယောင်း ah ... "

ဂျီမင်းက ထယ်ယောင်းကို ပြုံးကာ ကြည့်
လိုက်သည် ။

" သူ လာမှာလည်း မဟုတ်ပါဘူးကွာ ။ ဒါက စကား
အရပါပဲ ။ ဟုတ်တယ်မလား ထယ်ယောင်းရ ? "

ထယ်ယောင်း စိတ်ပြေစေလိုငြား ဂျီမင်းက ပုခုံးကို
ပင့်လျက် ရီရင်း ပြောလိုက်သည် ။
ထယ်ယောင်းက ဂျီမင်းကို ဘာမှပြန်မပြောမိခဲ့ ။

" မင်း ငါပြောချင်တာကို ဘယ်လိုသိတာလဲ ? "

" မသိမှပဲ ထူးဆန်းနေမှာ မဟုတ်ဘူးလား ထယ်
ယောင်းရယ် ... ငါသိတာပေါ့ ။ မင်း စိတ်ထဲမှာ
ဘာတွေ စဥ်းစားနေတယ်ဆိုတာရော ငါသိတယ် "

ABOVE THE CLOUDS • VMINWhere stories live. Discover now