- 32 -

452 68 13
                                    

Above The Clouds ( 32 )

Unicode

ထယ်ယောင်းက ဂျီမင်း ပြောတာကို ကြောင်ကြည့်နေ
ပြီး ရှုပ်ထွေးသွားသည် ။

" ဂျီမင်း ! ဘာပြောတာလဲ အဲ့တာ ... "

" မင်းကို ငါနဲ့ အတူတွဲမြင်နေရတာကိုက သူ မကြိုက်
တာ ။ မင်းနဲ့ အတူရှိနေတဲ့ ငါ့ကိုလည်း သူမုန်းနေတာ
အဲ့တာကြောင့်ပဲ "

" ဘာ ? အဲ့တာ ဘာကိုပြောတာလဲ ? မင်းနဲ့ ငါ အတူ
ရှိနေတာကို မကြိုက်တာတဲ့လား ? "

" ဟုတ်တယ် ထယ်ယောင်း ! မင်းငါ့ကို ဂရုစိုက်ပေး
တာလည်း မကြိုက်ဘူး ။ ငါမင်းနဲ့ ပတ်သက်ပြီး ပါ
နေတာလည်း မကြိုက်ဘူး ။ အဓိကကတော့ ငါ ရှိ
နေလို့ မင်းကို ထားခဲ့တာပဲ "

ထယ်ယောင်းက ခေါင်းခါလိုက်ကာ တွေဝေသွားသည် ။

" မဖြစ်နိုင်တာ !! ဘာလို့ အဲ့လိုဖြစ်ရမှာလဲ ? "

" မင်း ငါပြောတာ မယုံဘူးလား ? "

" မဟုတ်ဘူး အဲ့လို မဟုတ် ... "

ထယ်ယောင်းက သက်ပြင်းချကာ စကားကို ရပ်
လိုက်သည် ။

" ဂျီဝမ်က အဲ့လို လူမျိုး မဟုတ်လောက်ပါဘူး "

" ထယ်ယောင်း ... မင်း ထင်ထားတဲ့ ပုံစံနဲ့ လွဲနေတယ်
ဆိုရင် မင်း ခံစားသွားရမှာ သိပေမယ့် အဲ့တာကတော့
တကယ်ပဲ "

ထယ်ယောင်းက ဘာမှ မပြောနိုင်ဘဲ ဒီတိုင်း ငြိမ်
နေသည် ။

" ထယ်ယောင်း ... "

" ခဏ ... ခဏနေပါဦး ! "

ထယ်ယောင်းက ဂျီမင်းကို လက်ကာပြလျက် ဆက်
ပြောမှာကို တားလိုက်သည် ။

" ခဏ ဂျီမင်း ! အဲ့တာ အဓိပ္ပာယ်ရှိရဲ့လား ? ငါတို့က
သူငယ်ချင်းတွေပဲလေ "

ဂျီမင်းက ထယ်ယောင်း စကားကြောင့် တစ်ချက် ရီ
လိုက်မိသည် ။

" ဟုတ်ပါရဲ့ ။ ငါတို့က သူငယ်ချင်းတွေပဲလေ ... "

ဂျီမင်းက ခပ်ဟဟ ရီလိုက်ကာ မျက်နှာလွှဲလိုက်သည် ။

" မင်းက အဲ့တာကို ဘယ်လိုသိတာလဲ ဂျီမင်း ! "

ထယ်ယောင်းက ဂျီမင်းရဲ့ ပုခုံးနှစ်ဖက်ကို ရုတ်တရက်
ဆုပ်ကိုင်ကာ မေးလိုက်သည် ။

ABOVE THE CLOUDS • VMINWhere stories live. Discover now