- 30 -

437 67 5
                                    

Above The Clouds ( 30 )

Unicode

ဂျီမင်းက အကျင့်ဖြစ်နေတာကြောင့် မနှိုးရလည်း မျက်
လုံးက အလိုအလျောက် ပွင့်လာသည် ။

ဝိုးတဝါးနဲ့ သေချာတော့ မမြင်ရသေးပေမယ့် ဘေး
မှာ ထယ်ယောင်း မရှိတော့တာကို သိလိုက်သည် ။

" ဟင် ... ထယ်ယောင်းက ဘယ်ရောက်သွားပါလိမ့် "

အချိန်ကလည်း ထရမည့် အချိန်ဖြစ်နေတာကြောင့်
ဂျီမင်းက အိပ်ရာကို ခေါက်သိမ်းကာ ထလိုက်သည် ။

မီးဖိုခန်းဘက်ကို ထွက်လာတော့ ထယ်ယောင်းက ရေ
သောက်နေတာကို တွေ့လိုက်ရသည် ။

" ဟင် ! ထယ်ယောင်း အစောကြီးကတည်းက နိုးနေ
ပြီလား ? "

ဂျီမင်းက မျက်လုံး အပြူးသားလေးနဲ့ ထယ်ယောင်း
ကို ကြည့်လိုက်တော့ ထယ်ယောင်းက မျက်နှာတောင်
သစ်ပြီးပုံ ပေါ်သည် ။

" နိုးလာပြီလား ဂျီမင်း ! "

" ထူးဆန်းလှချည်လား အစောကြီးနိုးနေတယ် "

ထယ်ယောင်း ပုံစံကြည့်ရတာ အရင်နေ့တွေကနဲ့ မတူ
လန်းဆန်းနေပုံပေါ်ပြီး ရီပြုံးနေတာကို ဂျီမင်းက အံ့
သြစွာပဲ ကြည့်နေမိသည် ။

" ဘာလို့လဲ ? ငါက အစောကြီး ထလို့မရဘူးလား ? "

" မဟုတ် ... မဟုတ်ပါဘူး ... "

ဂျီမင်းက ထူးဆန်းနေတဲ့ ထယ်ယောင်းကို ဘာမှ ထပ်
မပြောတော့ဘဲ ရေခဲသေတ္တာဆီလာကာ ရေဘူးကို
ယူသောက်လိုက်သည် ။

ထယ်ယောင်းက ဂျီမင်း မျက်နှာ ကို တစ်ချက် ငုံ့ကြည့်
ကာ အဟက်ခနဲ ရီလိုက်သည် ။

" ဘာလဲ ? ဘာရီတာလဲ ? "

" မင်း စိတ်ထဲမှာ ကင်ထယ်ယောင်းက ထူးဆန်းနေ
တယ်လို့ တွေးနေတာမလား ? "

" အာ ... အဲ့တာက ... "

" အချိန် အကြာကြီးထိ ငါ အဲ့လို ဖြစ်နေလို့ မဖြစ်သေး
ဘူးမလား ? ငါ ညကသေချာ စဥ်းစားခဲ့တယ် ။ ငါ့
ဘေးမှာ ရှိနေတဲ့ သူတွေကိုပါ ဒုက္ခပေးမိသလို ဖြစ်
နေမှာလည်း ငါစိုးတယ် ။ "

" အဲ့တာ ငါ့ကို တွေးပြီး စိုးရိမ်နေတာဆိုရင်တော့
ငါက အဆင်ပြေပါတယ် ထယ်ယောင်း "

ABOVE THE CLOUDS • VMINTempat cerita menjadi hidup. Temukan sekarang