- 26 -

482 91 15
                                    

Above The Clouds ( 26 )

Unicode

ဂျီမင်းက ကုတင်ပေါ်မှာ ထိုင်လျက် တစ်နေရာကို ငူ
ငိုင်စွာ ကြည့်နေသည် ။ အသက်ရှူသံကလည်း မြန်
နေပြီး အတော်ကို တုန်လှုပ်နေပုံ ပေါ်သည် ။

" ဂျီမင်း ... မင်း အဆင်ပြေရဲ့လား ? "

နမ်ဂျွန်က ဂျီမင်းဆီကို ရေယူလာပေးရင်း မေးလိုက်
သည် ။

" အင်း ... "

ဂျီမင်းက မပွင့်တပွင့်နဲ့ ခေါင်းညိတ်ကာ ပြောလိုက်
သည် ။

" မင်းခုဏက အရမ်းလန့်သွားတာပဲ ။ ဘာမှတော့
မထိခိုက်သွားဘူးမလား ? "

ဂျီမင်းက စာကြည့်စားပွဲပေါ်က သူငယ်ချင်း လေး
ယောက် တူတူရိုက်ထားတဲ့ ပုံကို ယူကြည့်လိုက်သည် ။

အားလုံးက အပူအပင်မရှိ ပြုံးနေကြပြီး ရီမောနေ
ကြသည် ။ ဂျီမင်းက ဓာတ်ပုံမှန်ဘောင်ကို လက်
ဖြင့် ဖြည်းဖြည်းချင်းထိလိုက်ပြီး သက်ပြင်းချလိုက်
သည် ။

" ကျွန်တော့် ငယ်ငယ်က အမှတ်တရတွေက ဘာလို့
မလှပခဲ့ရတာလဲ ? "

ပြန်တွေးတိုင်း လှလှပပလေး တည်ရှိခဲ့တာဆိုလို့ ထယ်ယောင်းက ဘဝထဲ ဝင်လာပေးခဲ့တာပဲ ရှိပြီး
ရှင်သန်နေတဲ့ သက်တမ်း တစ်ဝက်မှာ စိတ်ဒဏ်ရတွေနဲ့ဖြတ်သန်းခဲ့ရတာချည်း ဖြစ်သည် ။

" ဘာလို့ သူများတွေလို မပျော်ခဲ့ရတာလဲ ? "

ဂျီမင်း ရဲ့ လေသံက တိုးနေပြီး ညင်သာသည် ။

" ဂျီမင်း ? မင်း ဘာဖြစ်နေတာလဲ ? "

" ကျွန်တော် ခဏနားလိုက်ဦးမယ် .. အစ်ကို ပြန်
မလား ? "

နမ်ဂျွန်မေးတာကို ဂျီမင်းက မဖြေတော့ဘဲ စကားလွှဲ
လိုက်သည် ။ ထို့နောက် ဂျီမင်းက နုံးချည့်နေပုံနဲ့
ကုတင်ပေါ်တက်ကာ လှဲလိုက်သည် ။

" မင်းကို ထယ်ယောင်း ရဲ့ အိမ်ကိုပဲ ပို့ပေးမယ်လေ "

ဂျီမင်းက ခေါင်းခါလိုက်ကာ မျက်လုံးကို စုံမှိတ်
လိုက်သည် ။

" တော်ပြီ ... ထယ်ယောင်း အိမ်ကို မသွားတော့ဘူး ။
ကျွန်တော်က ထယ်ယောင်းအမေကို ပြောလိုက်မှာမို့
အစ်ကိုက ဒီတိုင်းပြန်လည်းရတယ် ... "

ABOVE THE CLOUDS • VMINWhere stories live. Discover now