- 33 -

505 72 17
                                    

Above The Clouds ( 33 )

Unicode

နမ်ဂျွန်က ဂျီမင်း ရှိနေမယ့် အခန်းထဲကို တည့်တည့်
ဝင်သွားကာ တံခါးကိုအသာခေါက်ကာ ဖွင့်လိုက်သည် ။

" ဂျီမင်း ! "

အခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ ဂျီမင်းက
နမ်ဂျွန့်ကို လှည့်ကြည့်ကာ ခေါ်လိုက်သည် ။

" ဟုတ် အစ်ကို လာလေ ... "

နမ်ဂျွန်က တံခါးကို အဆုံးထိ ဖြည်းဖြည်းချင်း တွန်း
ဖွင့် ဝင်လာလျက် ဂျီမင်း ဘေးနားမှာ အသာ ဝင်ထိုင်
လိုက်သည် ။

" မင်း ခုဏက တစ်ခုခု ဖြစ်လာလို့လား ? "

" ကျွန်တော် ဘယ်လိုလုပ်ရမလဲ အစ်ကို ! "

အဆက်အစပ်မရှိတဲ့ စကားကို ပြောလာတဲ့ ဂျီမင်း
ကြောင့် နမ်ဂျွန်က ကြောင်သွားသည် ။

" ဘာကိုလဲ ဂျီမင်း ! "

" မသိဘူး ... ဒီတိုင်း စိတ်တွေ ရှုပ်ထွေးနေလို့ ! ကျွန်
တော့်မှာ ကြောက်ရတဲ့ အရာတွေများနေတယ် အစ်ကို "

နမ်ဂျွန်က လောလောဆယ်တော့ ဂျီမင်းကို နှစ်သိမ့်
ဖို့ အရင် စဥ်းစားလိုက်ပြီး မေးစရာ ရှိတာကို နောက်
မှ မေးတော့ဖို့ ဆုံးဖြတ်လိုက်သည် ။

" အဆင်ပြေသွားမှာပါ ဂျီမင်းရာ ။ မင်းပြောလို့ရမယ်
ဆို ငါ့ကို ပြောကြည့်ပါလား ဂျီမင်း ! "

" ကျွန်တော် အဲ့ဒီလူကိုလည်း ကြောက်တယ် ။ တစ်
ယောက်တည်း ဖြစ်သွားမှာကိုလည်း ကြောက်တယ် ။
ထယ်ယောင်းနဲ့ ပတ်သက်ပြီးလည်း ကြောက်တယ် "

" ခဏ ... ထယ်ယောင်း ... ? ထယ်ယောင်းနဲ့ ပတ်သက်
ပြီး ဘာကိုလဲ ဂျီမင်း ! "

" ကျွန်တော့်ကို မခင်တွယ်တော့ရင် ဘယ်လိုလုပ်မလဲ
အစ်ကို ! ကျွန်တော့်ကို မေ့သွားရင်ရော ! အရင်တုန်း
ကလို မဟုတ်တော့ဘဲ စိတ်တွေ ပြောင်းလဲကုန်ရင်
ရော ! "

ဂျီမင်း မျက်ဝန်းတွေက ဝမ်းနည်းမှုတွေ အပြည့်မို့
နမ်ဂျွန်က ပုခုံးကို ပွေ့ဖက်ကာ ကျောကို ပုတ်ပေး
လိုက်သည် ။

" အမလေး ... မင်း အခု အဲ့တာကို အဲ့လိုတွေးပြီး ဖြစ်
နေစရာလား ? မင်းကလည်း ကလေးကျနေတာပဲ ။
အဲ့တာတွေကို တွေးမနေနဲ့ ။ အဲ့လိုဖြစ်လာမှာ မဟုတ်
ဘူး ။ မင်းအနားမှာ ငါတို့ ရှိတာပဲ ။ တစ်ခြား ကြောက်
စရာတွေလည်း ပူနေစရာ မလိုဘူး "

ABOVE THE CLOUDS • VMINWhere stories live. Discover now