- 25 -

531 91 11
                                    

Above The Clouds ( 25 )

Unicode

ဂျီမင်းက မီးဖိုခန်းထဲမှာပဲ စားပွဲခုံပေါ် လက်ဖြင့်
အားနဲ့ ရိုက်ချတော့ အသံက ခပ်ကျယ်ကျယ် ထွက်
သွားသည် ။

ခံပြင်းတာရော ဝမ်းနည်းတာရော ဒေါသဖြစ်တာ
ရော စုံလင်တဲ့ ခံစားချက်တွေနဲ့  ရှေ့တည့်တည့်က
ပေါင်မုန့်နဲ့ ကြက်ဥကြော် ပန်းကန်ကို စိုက်ကြည့်နေ
မိသည် ။

" ကျစ် ! "

​ဂျီမင်းက ထိုပန်းကန်ကို ဆွဲယူကာ ဇွန်းနဲ့ အားလုံး
ခပ်ထုတ်ကာ အမှိုက်ပုံးထဲကို သွန်ချပစ်လိုက်သည် ။
ပန်းကန်ကိုလည်း ဘေစင်ထဲ ဝုန်းခနဲ ပစ်ချကာ ထည့်
လိုက်သည် ။

ဘာကြောင့်ရယ်မသိ ဒီလောက်ထိ ဒေါသထွက်မိ
နေသည် ။ ဒါက မဖြစ်သင့်ဘူး ဆိုတာ သိပေမယ့်
လည်း ဘာအခွင့်အရေးနဲ့ စိတ်ဆိုးနေမိလဲ မသိ
တော့ဘူး ။

" ဂျီမင်း ... "

နောက်ကျောဘက်က ခေါ်လာတဲ့ အသံကြောင့်
ဂျီမင်း ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည် ။

" အင်း ... ထယ်ယောင်း ပြော ! "

" ငါ ... "

ထယ်ယောင်း က တစ်ခုခုပြောဖို့ကို အားနာနေပုံ
ရသည် ။

" ငါ ... ဟို ... "

ဂျီိမင်းက ထယ်ယောင်းကို ပို၍ စူးစူးစိုက်စိုက်
ကြည့်လိုက်တော့ ထယ်ယောင်းက ပြောစရာ
စကားလုံးတွေ ထွက်ကျမလာတော့ပါ ။

" ကို ... ဘာလုပ်နေတာလဲ ? ပြောလိုက်လေ ... "

ထယ်ယောင်း အခန်းထဲက သူထည့်လာတဲ့ မနက်
စာအိတ်ကို ကိုင်ထားလျက် ထွက်လာသည်က ဂျီ
ဝမ် ဖြစ်သည် ။

ဂျီမင်းရဲ့ စိတ်ထဲမှာ ထယ်ယောင်းကို ခြယ်လှယ်
သလိုလို အမိန့်ပေးသလိုလို လုပ်နေတဲ့ ပုံစံကို
သဘောမကျနေ ။

" ထယ်ယောင်း ပြောလေ ... "

ဂျီမင်းက ထယ်ယောင်း မျက်လုံးတွေကို ကြည့်ပြီး
ပြောလိုက်သည် ။

" ငါ .. ဂျီဝမ်နဲ့ ချိန်းထားတာ ရှိလို့ သွားရမှာမို့ မင်း
ဒီမှာ နေခဲ့လို့ ဖြစ်ရဲ့လား ? "

ABOVE THE CLOUDS • VMINWhere stories live. Discover now