"အန်တီ အတာ ပြီးပြီတဲ့လား"
"ဟော အတာရေ သူရရောက်နေပြီ"
"လာပြီ လာပြီ မေမေ။သူ့ကိုခဏလေးစောင့်ခိုင်းပါဦး"အတာတစ်ယောက်အခန်းထဲတွင် ကျောင်းသွားဖို့အင်္ကျီလဲနေတုန်း သူရပိုင်ကအိမ်ရှေ့သို့ ရောက်ချလာသည်။မေမေပြင်ပေးထားသည့်ပဲပြုတ်နှင့်ထမင်းဆီစမ်းလေးအားကုန်အောင်ပင်မစားလိုက်ရ။လေးငါးလုပ်ခန့်ထိုးထည့်ကာအမြန်သုတ်သုတ်ထွက်ရ၏။ဝတ်လက်စပုဆိုးစိမ်းအားအမြန်ဝတ်၍ကျောပိုးအိတ်ကိုအတင်းလွယ်ပြီးထမင်းချိုင့်အားဆွဲယူကာစက်ဘီးခြင်းထဲထည့်နေတုန်း
"အတာ မင်းကအမြဲနောက်ကျနေတာဘဲ။ဒီနေ့တို့အသင်းလေ"
"ဟာ ဟုတ်သားဘဲ။ငါမေ့သွားတာ ဆောတီးဆောတီး။"
"လုပ်လိုက်ရင် ဒီတိုင်းကြီးဘဲ"
"သွားမယ်သွားမယ် ရှေ့ကနင်း"
"အေး လုပ် လုပ်"
"မေမေရေ အတာသွားပြီ"
"အေးအေး သားလေး။ဂရုစိုက်စီးကြနော် နှစ်ယောက်သား"
"ဟုတ်!"ရှမ်းတရုတ်ကပြားမို့အတာနွေဦးဆိုသည့်ကောင်လေး၏အသားအရေကဖွေးဥကြည်လင်နေကာအပစ်ဆိုဖွယ်ရာမရှိ။အတာ့ကိုမွေးတုန်းကသင်္ကြန်အကြိုနေ့ကြီးမို့ ဘွားဘွားက အတာနွေဦးဟူ၍နာမည်ဆန်းဆန်းလေးပေးခဲ့သည်။
အတာ၂နှစ်သားတွင်ဖေဖေနှင့်မေမေအိမ်ထောင်ကွဲသည်။အတာ့မှာဖအေတူမအေကွဲပေါ့။ညီတစ်ယောက်ရှိတယ်လို့မေမေကပြောသည်။
ထို့နောက်အတာ၅နှစ်သားအရွယ်မှာမေမေနှင့်အတူတောင်ကြီးမှရန်ကုန်သို့ပြောင်းလာခဲ့သည်။ကြီးကြီးတင်တို့ကတောင်ကြီးအိမ်တွင်ဘွားဘွားနှင့်အတူကျန်ခဲ့သည်။အတာကမေမေနှင့်အတူရန်ကုန်မှာဘဲကိုယ်ပိုင်ကျောင်းတက်ကာ
ယခု၁၀တန်းသို့ပင်ရောက်နေချေပြီ။တော်သေးသည်မေမေကပိုးထည်ဆိုင်လေးဖွင့်ကာသားအမိနှစ်ယောက်အတော်အတန်ဖူလှုံလာသည်။စာတော်သည်မို့ဆရာ/ဆရာမအားလုံး၏အချစ်တော်လေးအဖြစ်နာမည်ရသည်။၁၀တန်းAခန်းကအတာနွေဦးဆိုလျှင်အရပ်၅ပေ၃အရွယ်မျက်လုံးဝိုင်းဝိုင်းလေးနှင့်ပုပုလုံးလုံးကောင်လေးဟုတန်းသိကြသည်။
"ဟေ့ကောင် အတာ"
"ဟေ"အတန်းထဲရေအိုးဖြည့်နေရင်းသူရကလှမ်းခေါ်သည်။