အတာနောက်ထပ်နိုးလာတော့ အိပ်ယာပေါ်ပြန်ရောက်နေသည်။ငိုရင်းနှင့်သတိလစ်သွားသည်
ထင့် သူနိုးလာတော့ ညအတော်ပင်မှောင်နေချေပြီ။ရေမိုးချိုးပေးထားသည်မှန်းဝတ်ပေးထား
သည့်အင်္ကျီအကြီးကြီးနှင့်ဘောင်းဘီပွပွကြီး ကို
ကြည့်ကာသိလိုက်သည်။အင်္ကျီကတင်ပါးအုပ်လောက်သည်ထိရှည်ကျကာနေသည်မို့ဟိုလူကြီး၏ပစ္စည်းတွေ မှန်းအတာရိပ်မိသည်။ဘေးတွင်တင်ပေးထားသည့်ထမင်းဝိုင်းအသေးလေးကိုတစ်ချက်ပင်ကြည့်လိုက်ပြီး အခန်းတံခါးရှိရာကိုထသွားလိုက်သည်။ လက်တွင်ချည်နှောင်ထားသည့် ကြိုးတွေမရှိတော့သည်ကိုသတိပြုမိသည်နှင့်အတာပျော်သွားသည်။ယခုအချိန်အတာ့ခေါင်းထဲတွင်တစ်ခုတည်းသောအတွေးကထွက်ပြေးရမည်ဟူ၍ပင်။တံခါးလက်ကိုင်ကိုအသာလှည့်ကြည့်လိုက်တော့ အပြင်မှသော့ခတ်ထားလေ၏။
ဘေးဘီဝဲယာကြည့်လိုက်တော့မှန်ပြတင်းပေါက်လေးတစ်ခုကိုတွေ့လိုက်ရသည်။ကြည့်ရတာတစ်အိမ်လုံးအိပ်ပျော်နေလောက်ပြီထင်၏။ခြေလှမ်းအသာဖွဖွနင်းပြီးမှန်တံခါးလေးကိုအထက်သို့အသာပင့်မကာဖွင့်လိုက်တော့အလွယ်တကူပင်
ပွင့်သွားသည်။အတာပျော်လွန်း၍ထခုန်မိမတတ်။အောက်ကိုငုံ့ကြည့်လိုက်တော့အတော်မြင့်သည်နှင့်ရုတ်ချည်းငြိမ်ကျသွားသည်။အမြင့်ကြောက်တတ်သောအတာ့အတွက်ကံဆိုးမှုပင်။ထိုစဥ်တံခါးဖွင့်သံကြားလိုက်ရ၍အလန့်တကြားလှည့်ကြည့်တော့ ညနေကလူကြီးပင်။ဘာစကားမှမပြောဘဲမျက်မှောင်ကြီးကျုံ့ပြီးစူးစိုက်ကြည့်ကာသူ့ထံသို့ တစ်လှမ်းချင်းလျှောက်လာလေ၏။
"ထွက် ပြေး ဖို့ ကြံ နေ တယ် ပေါ့ လေ!"
မာထန်နေသည့်လေသံကြောင့် အတာဒူးတို့ပင်တဆတ်ဆတ်တုန်လာခဲ့သည်။
"အ အနား ကပ်မလာနဲ့ ။ခုန် ချလိုက်မှာနော်"
"အ တာ နွေ ဦး!!!!"
"မလာနဲ့ လို့ ပြောနေတယ်လေ"ပြောပြောဆိုဆို ပြတင်းပေါက်ဘက်လှည့်ကာခုန်ချဟန်ပြင်လိုက်သည်နှင့် စိုင်းသင်္ခါနောင်အမြန်သွားကာ ခါးသေးသေးလေးအားလက်တစ်ဖက်တည်းနှင့်ဆွဲယူပြီး မှန်တံခါးကိုပြန်ဆွဲချလိုက်သည်မှာ တစ်မိနစ်ပင်မကြာလိုက်။