"တောက်!!!!"
မိုးကေသာဦးတစ်ယောက်အခန်းအပြင်ဝတင်ကြားလိုက်ရသောကိုစိုင်းတောက်ခေါက်သံကြောင့်တံခါးလက်ကိုင်ဘုကိုကိုင်ထားသောလက်ကလေးပင်တုန်ယင်လို့သွားရသည်။
"ဂရုစိုက်ပါလို့ပြောထားရက်နဲ့ကွာ!!နောက်နေ့ငါပြန်လာခဲ့မယ် တစ်ယောက်မှအထွန့်တက်မလာနဲ့!"
ထုံးစံအတိုင်းကိုစိုင်းတို့စိတ်တိုနေပြန်ပါပြီလေ။မျက်နှာကိုအချိုမြဆုံးအပြုံးလေးဖြင့်အလှဆင်လိုက်ကာတံခါးအားခပ်ဆက်ဆက်လေးခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်!!"
"ဝင်ခဲ့!"
"ဘာတွေများ ဒေါသကြီးနေရသလဲ ကိုစိုင်းသင်္ခါနောင်"
"ဟာ ကေသာ!"သူမကိုမြင်သည်နှင့်အံ့သြောဝမ်းသာသွားသည့်ကိုစိုင်းမျက်နှာကြောင့်ပါးအို့လေးကရဲခနဲ။
"ထိုင်ဦးကေသာ ဘယ်လိုရောက်လာတာလဲ"
"ကေသာရန်ကုန်မှာတာဝန်ကျတယ် ကိုစိုင်းလဲရောက်နေတယ်ဆိုလို့ ဟိုတယ်ကိုလာကြည့်ရင်းနဲ့ တမင်ဝင်ခဲ့တာ"
"ကိုယ့်ကိုဖုန်းမဆက်ဘူးကြည့်။ကိုယ်လာကြိုမှာပေါ့ အန်တီနဲ့အန်ကယ်လ်တို့ရော ကျန်းမာကြရဲ့လား"
"ဖေဖေကတော့သိတဲ့အတိုင်း ဆီးချိုလေးတက်လိုက်ကျလိုက်နဲ့လေ။မေမေကတော့ဒေါင်ဒေါင်ကိုမြည်လို့။သူ့သားမောင်စိုင်းကို အိမ်လည်ခေါ်ခဲ့ပါဦးတဲ့"
"ဟားဟား အန်တီကတော့လေ။ကိုယ်သက်သက်သွားလိုက်ဦးမှပါ့။မနက်တောင်ကြီးကို ပြန်မှာနဲ့ကွက်တိဘဲ။"
ထိုစဥ်
"📲📲"
"ဟယ်လို "
"ဟယ်လို ဒေါက်တာကေသာလား"
"ဟုတ်ပါတယ်ရှင်"
"ဒေါက်တာဆေးရုံကိုအမြန်ပြန်လာပေးလို့ရမလား။Patient တစ်ယောက်က pressure အရမ်းကျပြီးသတိပါလစ်သွားလို့ မွေးလူနာပါဒေါက်တာ။ကျန်တဲ့ဒေါက်တာတွေလဲ Dutyချိန်ကျသူကျ ထမင်းစားသွားတဲ့သူကသွားနဲ့မို့"
"ရတယ် ရတယ် ကေသာပြန်လာခဲ့မယ်"
"ကဲ ကိုစိုင်း ကေသာပြန်ဦးမယ်တွေ့တဲ့အတိုင်းဘဲ။"
"ကိုယ်လိုက်ပို့ပေးမယ်"
"နေပါစေ ကေသာ့ကားပါကင်မှာထိုးထားတယ်"
"ဟုတ်ပါပြီဗျာ ဂရုစိုက်မောင်းကေသာ"ခေါင်းလေးတစ်ချက်ညိတ်ပြပြီးရေးကြီးသုတ်ပြာပြေးထွက်သွားသည်နှင့်စိုင်းသင်္ခါ၏မျက်နှာကချက်ချင်းတည်သွားတော့သည်။အကြောင်းမူကားသူ၏ဆေး ကိစ္စနှင့်တောင်ကြီးကိုပြန်လျှင်အိမ်ကကလေးပေါက်စကိုထားခဲ့ရမည်ဖြစ်သည်။