"သားရေ အတာ မေမေထမင်းချိုင့်ပြင်ပြီးပြီ"
"ဟုတ်မေမေ။"အတာထမင်းချိုင့်ယူကာကျောင်းသွားဟန်ပြင်တော့မေမေက
"သား သူရရော။လာမခေါ်ဘူးလား။"
"ညကဖုန်းဆက်တယ်။အ့ကောင်ဖျားနေတာမေမေ။ကျောင်းခွင့်တိုင်ထားတယ်တဲ့။ဒီနေ့တစ်ယောက်ထဲသွားရမှာ။"
"သြော်ကွယ်။ကျောင်းဆင်းရင်သတင်းလေးဘာလေးဝင်မေးဦး။တော်တော်များနေမကောင်းဖြစ်နေလားမသိဘူး။"
"ဟုတ်မေမေ။ညနေကျသားသွားမှာ"
"သြော် သားရဲ့ကြီးကြီးတင်ဖုန်းဆက်တယ်။"
"ဟာ ဟုတ်လား ဘာတဲ့လဲမေမေ"
"ဘာရှိရမတုန်း သူ့မြေးကိုလဲဘွားအေ ကတွေ့ချင်မှာပေါ့။နွေရာသီကျရင်ကလေးကိုသွားခေါ်ချေဦးလို့ပြောတယ်တဲ့"
"မေ့မေ့ကိုရော?"
"သားအဘွားရဲ့ စိတ်ကိုလဲသိသားနဲ့။သူမေမေ့ကိုစိတ်ဆိုးမပြေသေးဘူးလေ။ကဲပါကျောင်းအပိုချိန်ရှိတယ်လဲပြောသေးတယ်။သွားတော့ ညနေကျမေမေ့ဆိုင်လာခဲ့တူတူပြန်မယ်နော်"
"ဟုတ်"
စက်ဘီးထုတ်ပြီးသည်နှင့်
"သားသွားပြီ မေမေ။"
"အေး သားလေး။ဖြည်းဖြည်းစီးစက်ဘီးကို"
"ဟုတ်"ဒေါ်ခတ္တာနွယ်တစ်ယောက်သားလေးနောက်ကျောကိုကြည့်ကာသက်ပြင်းချမိသည်။ညကအိမ်မက်မကောင်း၍ လေးပင်နေသောစိတ်တို့ကိုသူမသဘောမကျချင်။သူမ၏အသည်းနှလုံးတစ်ခုလုံးကိုမမြင်ရသည့်တစ်စုံတစ်ခုကအတင်းဆွဲထုတ်ပြီးလုယူသွားခဲ့သည်တဲ့လေ။သူမ၏သားလေးသည်သာသူမ၏နှလုံးသဲပွတ်တစ်ခုလုံးဖြစ်တည်ရာ၏။
သားလေးများတစ်ခုခု...။ဝင်လာသောအတွေးတို့ကိုကြောက်လန့်တကြားမောင်းထုတ်လိုက်ပြီး ဘုရားဆွမ်းတော်ကပ်ရင်း မေတ္တာသုတ်ရွတ်ကာ သားလေးကိုစောင့်ရှောက်ဖို့တိုင်တည်ဆုတောင်းလိုက်သည်။ပြီးသည်နှင့်အိမ်ကိုသေချာပိတ်ကာ မိမိပိုးထည်ဆိုင်သို့ထွက်လာခဲ့သည်။ဆုတောင်းတိုင်းမပြည့်သည့်တစ်ချက်ကိုသူမမေ့လျော့နေခဲ့၏။
********
"တီ တီ!!"
အတာစက်ဘီးနင်းနေသည့်လမ်းကြောရှေ့တွင်ကားဟွန်းတီးသံနှင့်အတူ ကားနှစ်စီးသုံးစီးခန့်ကပိတ်ရပ်လာသည်မို့ မျက်လုံးလေးပြူးသွားသည်။
စက်ဘီးကိုအမြန်ရပ်ကာကြည့်လိုက်တော့လူကြီး၁၀ယောက်လောက်ကဝတ်စုံပြည့်နှင့်
ကားတွေပေါ်မှဆင်းလာလေသည်။ချောက်ချားလာသည့်စိတ်အစုံကိုတင်းကာ။