မိုးသည်သည်းထန်စွာရွာသွန်းလျှက်ရှိသည်။အခန်းတွင်းမှအတာတစ်ယောက်ခြေထောက်ကလေးတွေကိုစုထားပြီးဒူးပေါ်သို့မျက်နှာအပ်ကာထိုင်နေရင်း မှန်ပြတင်းပေါက်လေးအပြင်ဘက်သို့ငြိမ်ငြိမ်လေးငေးနေမိသည်။နှစ်ပတ်ကျော် ဆိုသည့်အချိန်ကာလတစ်ခုကအတာ့ကိုငြိမ်ကျသွားစေဖို့လုံလောက်စေသည်။ဦးကြီးကလွယ်လွယ်နှင့်လွှတ်ပေးလိမ့်မည်မဟုတ်သလိုမေမေတို့သည်လည်းအတာ့အားအချိန်တစ်ခုအထိရှာတွေ့နိုင်မည်လဲမဟုတ်ပေ။တစ်ဖြည်းဖြည်းမျှော်လင့်ချက်မဲ့လာသည်ကိုအတာမခံစားနိုင်ပါ။တွေဝေငေးမှိုင်နေသည့်အချိန်
"အတာနွေဦး!!!"
အိပ်ယာပေါ်ကအတာ့ခန္ဓာကိုယ်လေးကတုန်ခနဲ။
အိမ်အောက်ထပ်ဆီမှဟိန်းထွက်လာသည့်အသံကြီးကိုအတာမုန်းတီးလှစွာနားနှစ်ဖက်လုံးကိုတင်းတင်းပိတ်ထားကာစောင်ပုံအောက်တိုးဝင်နေလိုက်သည်။
"မောင်စိုင်း မင်းအရက်တွေသောက်လာတယ်"
"Hotel ကအပြန် နည်းနည်းသောက်လာတာကြီးကြီးမေ"
"သောက်လာတာကိုကြီးကြီးဘာမှမပြောလိုဘူး။ဒါပေမယ့် အပေါ်ထပ်ကကလေးနဲ့ကဘာမှမဆိုင်ဘူးနော် မောင်စိုင်း ကြီးကြီးမေအတန်တန်ပြောတယ်နော်"
"စိတ်ချပါကြီးမေ။သားထိန်းပါ့မယ်"
"သွားနားတော့"ထို့နောက်အသံတိတ်သွားသဖြင့်မိမိရှိရာအခန်းဆီသို့တက်လာနေသည်မှန်းအတာသိသည်။မကြာလိုက်ပါ။
"ကျွီ!!"
"အတာနွေဦး"
"......"
"မင်းမအိပ်သေးမှန်းသိတယ်နော်"
မူးနေသည့်လူမို့ကြာရှည်ရစ်နေမည်စိုး၍စောင်ပုံထဲမှထွက်ကာတံခါးကိုမှီ၍သူ့အားကြည့်နေသောဦးကြီးကိုမော့ကြည့်လိုက်သည်။
"အဟက်! အကြည့်ကဘယ်လိုဖြစ်ရတာတုန်း။မကျေနပ်ဘူးလား"
"ကျွန်တော်ရေအိမ်သွားမလို့"
စကားမပြောချင်၍တသီးတသန့်နေရန်တွေးမိသည့်နောက် အိပ်ယာပေါ်မှထကာ toilet ခန်းဆီသွား၍တံခါးကိုဖွင့်ရန်လက်အလှမ်း
"အင့်!"
နင့်နေအောင်ဆွဲသိမ်းခံလိုက်ရကာခါးတစ်ခုလုံးကျိုးကျေမတက်အဖက်ခံလိုက်ရလေသည်။
"လွှတ် ဦးကြီး လွှတ်ပေး"
"မျက်နှာမမြင်ချင်လောက်အောင်ထိ မုန်းနေတယ်ပေါ့လေ ဟုတ်လား"ချာခနဲဆွဲလှည့်ခံလိုက်ရတော့နီရဲနေသည့်မျက်ဝန်းကြီးအစုံနှင့်ရင်ဆိုင်လိုက်ရသည်။
"လွှတ်ပေးး!!!"
"ငါ့ကိုမအော်စမ်းနဲ့!!!!"
စိုင်းသင်္ခါနောင်ဒေါသထွက်ထွက်နှင့်ရှေ့မှတစ်ဆတ်ဆတ်တုန်နေသောကောင်လေး၏နှုတ်ခမ်းသားတို့အားကြမ်းကြမ်းတမ်းတမ်းလက်ဖြင့်ပွတ်ဆွဲကာခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
"သတ္တိတော်တော်ကောင်းနေတယ်ပေါ့လေ အတာနွေဦး ဟုတ်လား"
အိခနဲဝိုင်းတက်လာသည့်မျက်ရည်စတို့နှင့်ထိုကလေးငယ်သိပ်ကိုလှပါသည်။ပေါ့ပါးသည့်ခန္ဓာကိုယ်လေးအားဆွဲမကာကုတင်ပေါ်ပစ်တင်လိုက်တော့ချက်ချင်းခေါင်းရင်းဘက်ကိုလှစ်ခနဲရောက်သွားလေတော့သည်။ဟက်ခနဲတစ်ချက်ရယ်လိုက်မိရင်းဝတ်ထားသည့်ကုတ်ကိုချွတ်ကာရှပ်အင်္ကျီကြယ်သီးနှစ်လုံးအထိဖြုတ်လိုက်သည်။
"မင်းကိုကိုက်မစားဘူး အနားတိုးလာခဲ့"
ကြွက်ကလေးလိုတုန်ချိနေသည်ကိုမြင်တော့အတန်ငယ်စိတ်မကောင်းဖြစ်သည်။သူပါကုတင်ပေါ်လှဲလိုက်ကာ အနားကိုပုတ်ပြရင်း
"ဒီနားကိုလာခဲ့"
"......"