"ကျုပ်ကို အိမ်ပြန်ပို့ပေး"
အတာလေသံမာမာဖြင့်ပြောလိုက်သော်လည်းထိုလူကမည်သည့်စကားမှမကြားလိုက်ဟန် အဝတ်ဗီရိုဆီထသွားလေသည်။နီရဲနေသည့်အမှတ်အသားဗလဗွနှင့် ခန္ဓာကိုယ်ထက်အဝတ်ပင်မရှိ။ထွက်လာသည့်ဒေါသတရားတို့ကမျက်ရည်နှင့်ကျိတ်မြောချခြင်းခံလိုက်ရသည်။ပူခနဲကျလာသည့်မျက်ရည်စက်တို့ကပါးဖောင်းဖောင်းလေးထက် စီးကျလျှက်။ထိုသူ့လက်ထဲ၌ဖြစ်ချင်တိုင်းဖြစ်ပျက်နေသည့်မိမိဘဝကို အားမလို အားမရဖြစ်လာကာ စောင်ထူထူအား လက်ဖြင့်တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ အံကြိတ်လိုက်သည်။"အ့တာဘယ်လိုဖြစ်နေတာလဲ။ဒီမှာအဝတ်"
အတာ့ဖို့ထုတ်လာသည့် တီရှပ်အပွကြီးနှင့်ဂွမ်းသားဘောင်းဘီရှည်ရှည်တို့အား ယူလာကာ ကုတင်ပေါ်ထပ်မံရောက်လာပြန်သည်။ကြုံလာမည့်ပြဿနာကို ဖြေရှင်းဖို့ရန် အတာ့မှာအဝတ်တစ်ထည်လောက်တော့ရှိနေ သင့်သည်မို့ ထိုသူဝတ်ပေးနေခြင်းအား မငြင်းပယ်ဘဲ မြန်မြန်ဆန်ဆန်ပင် ဝတ်လိုက်သည်။ပါးပေါ်မှမျက်ရည်စတို့အား လာရောက်တို့ထိသုတ်ပေးတော့ အတာမလိုချင်စွာ ခေါင်းငဲ့မိသည်။သည်လူနှင့်မထိတွေ့ချင်ပါ။
"အတာနွေဦး!"
"...."
"အခုမင်းကိုငါပိုင်သွားပြီနော်။ကိုယ့်လင်ယောကျာ်းအပေါ်ဘာအချိုးချိုးနေတာလဲ"သင်္ခါစကားနာထိုးလိုက်မှ မျက်ဝန်းဝိုင်းဝိုင်းလေးမှအကြည့်စူးစူးတို့က မိမိထံဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာတော့သည်။သို့သော်လှစ်ခနဲပြုမူလိုက်သည့်အပြုအမူကြောင့် သင်္ခါအတည်ကိုဒေါသထွက်သွားရတော့သည်။လက်မှဆေးသွင်းနေသည့် အပ်အားဆတ်ခနဲဆွဲဖြုတ်ကာ ကုတင်ပေါ်မှထသွားခြင်းပင်။မခိုင်ခံ့သောခြေထောက်တို့ကြောင့် နှစ်လှမ်းလောက်ပင်မရောက်လိုက် ခေါက်ခနဲလဲကျသွားလေတော့သည်။
"အတာနွေဦး!!!!"
သင်္ခါအလျှင်အမြန်သွားကာ လက်မောင်းရင်းနှင့်ခါးမှေဆွဲမကာ တွဲလိုက်တော့ ထပ်မံရုန်းလာပြန်သည်။
"လွှတ် လွှတ်ပေး"
"မင်းဘယ်လိုဖြစ်နေလဲ"
"ကျုပ် သတ် သေ လိုက် မှာ နော်!!!!"