မှန်ပြတင်းပေါက်ဆီသို့ တဖြောက်ဖြောက်လာထိသော မိုးရေစက်သံတို့က တဖောက်ဖောက်နဲ့။
အိမ်မက်ထဲလည်ပတ်နေသည့်သူ့ အာရုံတို့က ပစ္စပ္ပုန်ကာလသို့တည့်တည့်မတ်မတ်ပြန်ရောက်လာကာ အကြားအာရုံတို့ကိုနှိုးဆွလိုက်သည်။
ဆိုးလ်မြို့ရဲ့မိုးက တစ်စက်ချင်းစီချွေချနေရမှ တဖြည်းဖြည်းပိုမိုများပြားလာခဲ့သည့်အတွက် သူဆက်မအိပ်ချင်တော့ပဲ ထထိုင်လိုက်မိသည်။
အိပ်မရတော့တာဆို ပိုမှန်မယ်ထင်ပါတယ်.....။
နာရီကြည့်တော့ ညနေ၅နာရီ အတိ။
အင်း......သူအကြာကြီးအိပ်ပျော်သွားခဲ့တာပဲ။
နေ့လည်စာစားပြီးကတည်းကသူဝင်အိပ်နေခဲ့တာ...။ မနေ့ညက ညဆိုင်းဂျူတီကြောင့် မိုးလင်းကာမှအိမ်ပြန်ရောက်ခဲ့ရသည့်အတွက် အိပ်ရေးပျက်ခဲ့သည်။
အိမ်ရောက်တော့လည်း တန်းမနားရပဲ ဂျူတီကုတ်ရယ် ကိုယ်ဝန်ဆောင်သည်မိခင်ကသွေးလွန်လို့ ထိန်းချုပ်ကုသရင်းသွေးစွန်းလာခဲ့တဲ့ ဆေးရုံဝတ်စုံတွေရယ်ကို လျှော်ရသေးသည်.....ပြီးတော့ ဆာလောင်လာသောဝမ်းဗိုက်ကိုဖြည့်တင်းဖို့အတွက် ကိုယ်တိုင်ပင်ချက်ပြုတ်ပြင်ဆင် စားသောက်ရသည်။
တစ်ကိုယ်တည်းသမားရယ်မို့ပေါ့.... ။
ပင်ပန်းတယ်လို့ခံစားရတယ့်အခါတွေလည်းရှိပင်မဲ့ သူနေသားတကျရှိနေခဲ့တာကြာပါပြီ။
သူ.....သူဆိုတာ.....Jung Hoseok။
တစ်နည်းအားဖြင့်ပြောရရင် Dr.Jung Hoseok။
Kim Paradise International Hospitalရဲ့ GS(အရေးပေါ်)ဌာန Team 1က လက်ထောက်ဆရာဝန်...နောက်ပြီး တတိယနှစ်ဆေးကျောင်းသားတွေရဲ့ ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားပေးတဲ့ဆရာ။
အတွေးတွေထဲနစ်မြောနေရင်း....အသိပြန်ဝင်လာပြီးနောက် ရေချိုးရန် ပြင်ဆင်လိုက်သည်။
သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတော့ ချွေးအနည်းငယ်စို့လာသည်မို့ ခဏထိုင်ကာအမောဖြေရင်း ညစာအတွက် Deliveryကို ပဲခေါက်ဆွဲ orederလှမ်းမှာလိုက်သည်။
စားနေကျဆိုင်က စားနေကျပဲခေါက်ဆွဲမှ။
အနည်းငယ်ဇီဇာကြောင်တယ်ပဲပြောမလား သူ့ဓာတ်ကတစ်မျိုးပင်။ သူနေတဲ့နေရာဝန်းကျင်သန့်ပြန့်နေမှကြိုက်သည် သူကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့်ပဲနေသည်။ အစားအသောက်နဲ့ပတ်သက်လာလို့ ဒီဆိုင်ကအရသာကိုကြိုက်ရင်လည်း နောက်တစ်ဆိုင်ပြောင်းမြည်းစမ်းကြည့်ဖို့ စိတ်မဝင်စားသူ။
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။