(Unicode Version)
"အချစ်ကလေး...မောင်လိုတာဆက်လုပ်ပေးလိုက်မယ် သွားနားလိုက်တော့လေ...."Taehyungရဲ့ပြောသံအဆုံးမှာတော့ Kim MinYoukကမယုံနိုင်စွာနှစ်ယောက်စလုံးကိုကြည့်လာခဲ့သည်။
"မင်းတို့နှစ်ယောက်က....."
"အော်....လေးလေး...မသိသေးဘူးထင်တယ်...ကျွန်တော်တို့ကချစ်သူတွေလေ....ကျွန်တော် အရေးပေါ်လူနာတစ်ယောက်ရောက်လာတာနဲ့...လေးလေးရောက်နေတာတောင်နောက်ကျမှသိတယ်....sorryနော်"
ရယ်ရယ်မောမောပြောနေသည့် မောင့်ပုံစံက တမင်ရွဲ့နေတာမှန်း Hoseokရိပ်မိပါသည်။ မောင်ဟာတကယ်ကိုမလွယ်ကြောလေး....။
"ဒါဆို ငါသွားတော့မယ်....မောင်"
ချစ်မြတ်နိုးစွာခေါ်ဝေါ်ရသော နာမ်စားလေးကိုအသုံးပြုလိုက်ပြီးနောက်မှာတော့ Taehyungကကျေကျေနပ်နပ်ကြီးပြုံးလေသည်....။
ဆန့်ကျင်ဘက်လူတစ်ယောက်ကတော့ ပြိုတော့မလိုမှိုင်းနေသည့်မျက်နှာထားနှင့်...။
Hoseokထွက်သွားပြီးနောက်မှာတော့ Kim MinYoukကပဲ စကားစဆိုလာသည်....။
"ငါ့တူလေးနဲ့မတွေ့ရတာတောင်အတော်ကြာပြီ...အလုပ်မှာအဆင်ပြေရဲ့လား...."
"အပိုစကားတွေတအားမမေးပဲ...ဒဲ့ပဲမေးရင်ကောင်းမယ်ထင်တယ်"
"ဘာ.....!"
"ကြားတဲ့အတိုင်းပဲ....."
တည်ငြိမ်နေသော Taehyung၏အသွင်အပြင်စကားလုံးတို့က Kim MinYouk၏စိတ်ကိုလာဆွပေးနေသည်။
"မင်းနဲ့Hobiနဲ့ဘယ်တုန်းတည်းကချစ်သူတွေဖြစ်သွားတာလည်း...."
"နံပါတ်တစ်အချက်က...ကျွန်တော့်ချစ်သူကို တစ်ချိန်ကခေါ်ဖူးခဲ့တဲ့နံမည်နဲ့လာမသုံးနှုန်းပါနဲ့ နံပါတ်နှစ်အချက်က...ကိုယ့်ဇနီးပဲကိုယ်အာရုံစိုက်စမ်းပါ...."
"Kim Taehyungမင်း....ငါ မင်းဦးလေးနော် လူပါးဝမလာနဲ့...."
ပြောရင်းဆိုရင်းဖြင့် ဒေါသထွက်သွားသော Kim MinYoukက ကုတင်ပေါ်မှထကာ Taehyungအနားသို့လျှောက်သွားလေသည်....။
"ကျွန်တော် လူနာတစ်ယောက်ကို ထိခိုက်ဒဏ်ရာဖြစ်အောင်မလုပ်ချင်ဘူးနော်....."
YOU ARE READING
Doctor's Boy(Completed)
Romansaအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။