"ဒါဆိုသူဘယ်လိုပြန်ရောက်လာတာလည်း"
"ဒါ ဘယ်သူ့အခန်းလည်း"
အတွေးတို့ကဆက်တိုက်ဝင်လာပြီးနောက် အခန်းဘေးပတ်ပတ်လည်သို့ လှည့်ကာကြည့်မိလိုက်သည်။
နံရံမှာချိတ်ဆွဲထားသော အကောင်းစားပန်းချီကားတစ်ချပ်။ ဒါကို Hoseokသိသည်....ပန်းချီဆရာ Vantae၏ နံမည်ကြီးပန်းလက်ရာ ပန်းချီကား။ နေကြာပန်းခင်းကြီးထဲမှာ ကလေးလေးတစ်ယောက်က အိပ်ပျော်နေသည့်ပုံ။
ဒီပန်းချီကားကို မတန်တဆဈေးပေးဝယ်ကြသော်လည်း ပန်းချီဆရာကလုံးဝမရောင်းဘူးဟု Hoseokကြားခဲ့ဖူးသည်။
အခန်းထဲမှာလည်း ပန်းချီပစ္စည်းကိရိယာအစုံအလင်ရယ်...နောက်ပြီး မဆွဲရသေးသည့် ပုံကြမ်းခြစ်ထားရုံသာရှိသေးသော ယောင်္ကျားပျိုတစ်ဦး၏ပုံကိုထောင်ထားလျှက်ရှိသည်။
Hoseokအိပ်ရာမှထကာ ထိုပုံသို့အနီးကပ်သွားကြည့်မိတော့ ပန်းချီစာရွက်၏ထိပ်မှာ Vantaeဟူသောအမှတ်အသားနှင့်ပင်။
ဒါဆိုသူ...နံမည်ကြီးပန်းချီဆရာအိမ်ကိုရောက်နေတာပေါ့။
ဒါပင်မဲ့ အိပ်ခန်းဖွဲ့စည်းပုံတို့က သူ့အခန်းနှင့်ခပ်ဆင်ဆင်။
(တိုက်ခန်းပုံစံတွေကအတူတူတွေပဲမလို့ တစ်ခန်းနှင့်တစ်ခန်းဆင်တူတာပါ)"Hoseok...မင်းပြန်ပေးများအဆွဲခံလိုက်ရတာလား"
ကြောင်တောင်တောင်အတွေးပဲ ဆိုရမလား...။ ခေါင်းကလည်းအတော့်ကိုမကြည်မလင်ဖြစ်နေတာပါ။
"နိုးနေပြီလား....Hyung"
အနောက်ဘက်ဆီမှ အသံကြားမိတော့ Hoseok လန့်သွားလျှက် လှည့်ကြည့်မိလိုက်သည်.....။
"ဟင်.... Taehyung"
"Hyungခေါင်းတွေကိုက်နေမှာပေါ့...ကျွန်တော် စွပ်ပြုတ်လုပ်ထားတယ်...ရေချိုးခန်းထဲမှာလည်း သွားတိုက်တံအသစ်ရှိတယ်...မျက်နှာသစ်ပြီးလာခဲ့နော်"
Taehyungရဲ့ပုံစံက Hoseokဆေးရုံမှာမြင်နေကြသလိုပုံစံမျိုးမဟုတ်။ သူရှိတဲ့နေရာတိုင်း မချိုမချဉ် ရယ်ကျဲကျဲမျက်နှာလေးနှင့် ပေါ်လာတတ်သည့် ချာတိတ်ပုံစံမျိုးမဟုတ်။
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။