(Unicode Version)
(၁၈နှစ်အောက်များ ဖတ်ရှုရန်မသင့်တော်သည့်အသုံးအနှုန်းများ များစွာပါဝင်ပါသည်.... စာရေးသူ၏ အသက်မှာ ၂၅နှစ်ဖြစ်သောကြောင့် အသက်မပြည့်ပဲရေးထားခြင်းမဟုတ်ပါ ဤကားစကားချပ်။)Hoseokဆေးရုံကဆင်းပြီး အလုပ်ပြန်ဝင်ဖို့လုပ်ပင်မဲ့ Taehyungကခွင့်တင်ထားလိုက်ပြီဆိုသော်ကြောင့် အိမ်ပဲပြန်လာခဲ့လိုက်ရသည်။
နေ့လယ်စာစားပြီးသည့်နောက်မှာတော့ Hoseokအဖြစ်မှန်တွေကို ဖွင့်ဟပြောပြခဲ့သည်။
"ချစ်ဘယ်လိုဆက်လုပ်ချင်လည်း....မောင်အားလုံးဖြည့်ဆည်းပေးမယ်....."
"ငါတရားခံကိုရှာချင်တယ်မောင်....အဲ့ဒီရဲအရာရှိကိုတော့ ဘာမှမလုပ်ချင်တော့ဘူး ပြန်စဉ်းစားကြည့်ရင် သူပြောပြခဲ့လို့သာ ငါသိခဲ့ရတာ....မဟုတ်ရင် ငါတစ်သက်လုံး...."
"ငါမငိုချင်တော့ဘူး...အစ်မအတွက်အမှန်တရားကိုငါရှာဖွေမယ်....ဘယ်လိုအရာတွေနဲ့ကြုံလာပါစေ ငါရင်ဆိုင်မယ်....."
နစ်ဝင်သွားသော အသံအောက်မှာ မျက်လွှာချလိုက်သော Hoseokကြောင့် Taehyungက လက်ကလေးကိုကိုင်လိုက်ကာ.....
"ချစ်ကိုလည်း မောင့်ဘက်က ဖွင့်ပြောစရာတွေရှိသေးတယ်....."
"ဘာတွေလည်း ...မောင်....."
"ချစ်...ဖြည်းဖြည်းချင်းနားထောင်ပေးနော်...မောင်ကလေ ချစ်ကိုတမင်ဖုံးကွယ်ထားတာမဟုတ်ဘူး...."
"ငါစိတ်တွေပူလာအောင်မလုပ်ပါနဲ့....ပြောမယ့်သာပြောတော့...."
စိတ်မရှည်တော့သည့်လေသံဖြင့် ဒိုင်းခနဲထိုးလာသည့်မျက်စောင်းကြောင့် Taehyungသူ့ပေါက်စလေးကိုပွေ့ဖက်လိုက်ကာ....
"ဒီအတိုင်းငြိမ်ငြိမ်လေးနားထောင်....ရုန်းလို့မရဘူး"
"မောင်မဟုတ်တာတွေပြောလာရင်တော့...ငါကရုန်းထွက်မှာပဲ...."
"အော်ဟော....နားထောင်ပါဦး....စိတ်ကြီးပဲ...."
"မောင်က....ချစ်ရဲ့သူငယ်ချင်း Kim Namjoonရဲ့ညီလေး....."
"ဟမ်....ဘာ...."
အာမေဋိတ်အသံနှင့်အတူမယုံနိုင်စွာ မောင့်ကိုကြည့်မိတော့ မောင်ကပြုံးစစ....
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။