Ep-4

1.3K 177 8
                                    

"Blue Side....Blue Side....Back to Blue Side......"

ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းသံလေးက Hoseokအခန်းထဲ သာသာယာယာဖြတ်သန်းလျှက်။

ပိတ်ရက်လည်းဖြစ်သဖြင့် မနက်ပိုင်းက Supermarketသွားပြီး တစ်ပတ်စာဟင်းစားစရာများကို ဝယ်လာခဲ့သည်။

အခုတော့ ညနေစောင်း။ YouTubeကနေသီချင်းအေးအေးလေးတွေရှာဖွင့်ရင်း ညစာအတွက်ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။

အကျွမ်းကျင်ကြီးမဟုတ်ပင်မဲ့ တစ်ကိုယ်စာလက်ရာလောက်တော့ Hoseokချက်ပြုတ်နိုင်ပါသည်။

ပဲပြားလေးတွေကိုခပ်ပါးပါးလေးလှီးပြီး ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ ဖြန့်ထည့်လိုက်သည်။

အသားပြား ကြက်ဥထဲနှစ်ကာ မကျက်တကျက်ကြော်ရင်း သီချင်းလေးလိုက်ညည်းနေမိသည်။
.
.
.
.
"တီးတောင်....တီးတောင်...."

အခန်းဝမှဘဲလ်တီးသံကြားတော့ Hoseokကိုယ်လုံးကဆတ်ခနဲ။ ဒီအချိန်ကြီးဘယ်သူပါလိမ့်။

Namjoon များလား.....။

လျှပ်စ်မီးဖိုနှစ်ခုလုံးကို သေချာပိတ်ခဲ့ပြီးနောက် အခန်းဝသို့ထွက်ခဲ့လိုက်သည်။

"ဘယ်သူလည်းမသိဘူးခင်ဗျာ...."

တံခါးဖွင့်မပေးသေးပဲလှမ်းမေးလိုက်တော့....

"ဘေးအခန်းကိုပြောင်းလာလို့ ဆန်မုန့်လာပို့တာပါ"

ခပ်ဩဩယောကျာ်းသံနှင့် ပြန်ဖြေသံကိုကြားရသည်။ ဒီအသံကြားဖူးသလိုပင်......။

ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအရတော့ လက်ခံယူရမည်ပင်။

တံခါးကိုဖွင့်ပေးလိုက်တော့ ဆန်မုန့်ဗူးကိုင်ကာရပ်နေသော ကောင်လေးတစ်ယောက်။ အခြားသူမဟုတ် ထိုကောင်လေး Kim Taehyung။

"ဟာ.... Sunbaenimဒီမှာနေတာလား"

သူတောင်အံ့ဩစကားမဆိုရခင် ဒီကောင်လေးကအရင်ဦး‌စွာပြောလာခဲ့သည်။

"အေး..ဟုတ်တယ် ငါဒီမှာနေတာ"

"ကျွန်တော် Sunbaenimရဲ့ဘေးအခန်းကိုပြောင်းလာတာပါ တိုက်ဆိုင်တာပဲ ကျွန်တော်တို့က"

"ဒါနဲ့ Sunbaenimဟင်းချက်နေတာလား...."

အေပရွန်ဝတ်ထားသည့် Hoseokကိုကြည့်ကာ ခန့်မှန်းလိုက်ပုံရသည်။

Doctor's Boy(Completed)Where stories live. Discover now