လွန်ခဲ့သောခြောက်နှစ်ခန့်။
Hoseokတစ်ယောက် အတန်းချိန်နောက်ကျနေပြီဖြစ်၍ အမြန်လမ်းဖြတ်ကူးစဉ် ကားတစ်စီးနှင့်တိုက်မိမလိုဖြစ်ခဲ့သည်။
"ဟေ့ ကောင်လေး သေချာကြည့်သွားလေကွာ....."
Hoseokအမှားဖြစ်သော်လည်း ဆဲဆိုခြင်းမပြုပဲ ကြင်နာတတ်သောအသံဖြင့် ကားပေါ်မှဆင်းလာပြီး လာတွဲသောသူတစ်ယောက်။
မနူးမနပ်ကောင်လေး၏ ရင်ခုန်သံတွေအကုန်သိမ်းပိုက်သွားတဲ့သူ.....။
အချစ်ဦး..... Kim MinYouk။
ထိုနေရာမှတစ်ဆင့် စတင်ခဲ့သော နူးညံ့သည့်အချစ်ဇာတ်လမ်းတစ်ပုဒ်။
အစ်မနှင့်လည်းပေးတွေ့ခဲ့ပြီး....တစ်သက်လုံး အတူနေသွားလို့ရမည်ဟု အကြီးအကျယ် စိတ်ကူးတွေယဉ်ခဲ့ဖူးပါသည်။
"အစ်ကို့...လက်ဖျံက ပင့်ကူပုံတက်တူးကြီးကကြောက်စရာကြီး..... ဘာလို့လက်မှာထိုးထားတာလည်း ရုပ်ဆိုးတယ်"
လေးစား၍ အားကျရသောအစ်ကိုလည်းဖြစ် ချစ်သူလည်းဖြစ်တာမို့ အရာရာတိုင်ပင်ခဲ့သည်။ အရာရာမှာမှီခိုကာ ချွဲနွဲ့ခဲ့ဖူးသည်။
"အစ်ကိုတို့ EDEN Companyရဲ့ အမှတ်သားတစ်ခုပဲလေ မကြောက်ပါနဲ့.....အစ်ကိုကHobiအတွက်ကြောက်စရာမဟုတ်ဘူး"
အစ်ကိုက အရမ်းကြင်နာပြီးတည်ကြည်တဲ့သူတစ်ယောက်။ ချစ်သူကာလတစ်လျှောက်မှာ အမြဲစိတ်ချမ်းသာအောင်ထားတဲ့သူ။
သုံးနှစ်.....သုံးနှစ်ဟူသော အချိန်အတွင်းမှာ Hoseokတကယ်ကိုပျော်ရွှင်ခဲ့ရပါသည်။
"Hobiကဆေးကု အစ်ကိုက companyကိုဦးစီးမယ်....ပြီးရင် တို့နှစ်ယောက်ပိုက်ဆံတွေစုပြီး ခရီးတွေထွက်ကြရင်မကောင်းဘူးလား"
အစ်ကိုကပြောတော့ သူကျေကျေနပ်နပ်ခေါင်းညိမ့်ခဲ့ဖူးသည်။
"Hobiကပုတ်သင်ညိုလေးလား အစ်ကိုဘာပြောပြောခေါင်းလေးကိုညိမ့်လို့"
"ကျွန်တော်က အစ်ကို့ကိုယုံတယ်လေ....အစ်ကိုက ကျွန်တော့်ထက် ပိုတွေးခေါ်တတ်တဲ့သူ"
"Hobiကို အရမ်းချစ်တယ်...."
"ကျွန်တော်ရောပဲ.....အစ်ကို"
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။