နှင်းရည်စက်တွေ တစ်စက်ချင်းစီကြွေကျနေသော အိမ်တံစမြိတ်အောက်မှာ Hoseokရပ်နေမိသည်။
အေးချမ်းလိုက်တာ.....ဖြူဖြူဖွေးဖွေးနှင်းတို့က မျက်စိတစ်ဆုံး။
ဒီလိုခံစားချက်မျိုးမရတာအတော်ကြာပြီပင်။
"မောင်လေး နင်ဘာလုပ်နေတာလည်း မအေးဘူးလား"
အိမ်ထဲမှ အစ်မဖြစ်သူ၏ခေါ်သံကိုကြားရသည်။ Hoseokလှည့်ကြည့်လိုက်တော့ အစ်မကတံခါးဝမှာရပ်လျှက်....။
ပိန်ပိန်သွယ်သွယ်အစ်မက Hoseokကိုပြုံးပြလျှက်ကြည့်နေပေသည်...။
ဒီအချိန် Hoseokအတွေးထဲရောက်လာသည်က အစ်မကကွယ်လွန်သွားပြီလေ...။
"ဟင် ဒါဆို အစ်မကအခုရပ်ကြည့်နေတော့.....မသေသေးဘူးမလား...အစ်မ...အစ်မ....အစ်မ"
ကလေးလေးတစ်ယောက် လိုချင်တာကို ပူဆာနေသလိုမျိုး မေးခွန်းတွေဆက်တိုက်ထုတ်နေသော်လည်း အစ်မကပြန်မဖြေ။ မြူမှုန်ငွေ့တွေ့လို မျက်စိအောက်ကနေ ပြုံးပြလျှက် တစ်ဖြည်းဖြည်း ပျောက်ကွယ်လာသည်.....။
"အစ်မ...ငါပြောတာ မကြားဘူးလား...အစ်မနေပါဦး....ငါ မေးစရာတွေရှိသေးတယ်....အစ်မ.....အစ်မ"
ဟာ.....သွားပြီ။ သူ့မျက်စိရှေ့မှာတင် အစ်မက ထပ်မံပျောက်ကွယ်သွားခဲ့ပြန်ပြီ။
"အစ်မ!!!!!!!!!!!!!!!!!!!!!!!!"
နောက်ဆုံးအကြိမ် ကျယ်လောင်စွာ အော်ခေါ်လိုက်ပြီးနောက် သူလန့်ကာနိုးလာခဲ့သည်။ တစ်ကိုယ်လုံးမှာချွေးစေးတွေနှင့်ရွှဲနစ်လျှက်.....။
"အိမ်မက်ပဲ....ဒါက"
အိပ်ရာမှထထိုင်ကာ ရေတစ်ခွက်ကိုအငမ်းမရယူသောက်မိပြန်သည်။ ခါတိုင်းလည်း အစ်မနှင့်ပတ်သက်တဲ့အိမ်မက်တွေမက်ခဲ့ဖူးပင်မဲ့ ဒီတစ်ကြိမ်တော့ အရင်ကနဲ့မတူ။ အစ်မကပြုံးပြနေတာ.....။
တကယ့်တကယ်တမ်းပြောရလျှင်...အစ်မက သူ့လက်ပေါ်မှာဆုံးသည်မဟုတ်။ အစ်မအလောင်းကို ဆေးရုံကဖုန်းဆက်ခေါ်မှမြင်ခဲ့ရသည်။ ပိတ်စဖြူဖြူအောက်မှာ အသက်မဲ့နေသော အစ်မခန္ဓာကိုယ်။
ဆို့တက်လာသော ရင်အစုံကိုဖိချကာ သက်ပြင်းချမိပြန်သည်။ နာရီကိုကြည့်တော့ ညတစ်နာရီ။
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။