ဆေးရုံကပြန်ရောက်တော့ Taehyungခဏနားကာ လေ့ကျင့်ခန်းလုပ်လိုက်သည်။
ဝမ်းဗိုက်တစ်လျှောက်ကြွက်သားအမြောင်းမြောင်းထလျှက် ချွေးစက်တို့ကတွဲလွဲခိုနေသည်။
သူ့ပေါက်စကတော့ Night Dutyကျသည်မို့ ပြန်လာနိုင်သေးမည်မဟုတ်ပေ။
စားစရာသွားပို့ပေးဖို့ လူယုံတော်ကိုလည်းမှာကြားထားပြီးသား။
မနက်ကသူ့ကို ပန်းချီဆရာ Vantaeအဖြစ်ထပ်သိလိုက်ရသည့်အပြင် ရည်းစားစကားအပြောခံလိုက်ရတော့ ပေါက်စက ဒီနေ့တစ်နေ့လုံးစကားပင်မပြော။
"လူပျိုကြီးက မူနေတာပေါ့"....
တစ်ယောက်တည်းတွေးမိပြီး သဘောကျစွာပြုံးမိလိုက်သည်။
ကွန်ဒိုအဆောက်အအုံများနှင့်စားသောက်ဆိုင်ပိုင်များစွာထပ်မံပိုင်ဆိုင်သေးကြောင်းကိုသာ ပေါက်စသိသွားရင် ဘယ်လိုနေမည်မသိ။
ကွန်ဒိုအဆောက်အအုံတွေကတော့ အဘိုးရဲ့အမွေဖြစ်ပင်မဲ့ စားသောက်ဆိုင်တွေကတော့ ပန်းချီဆွဲသည့်လက်ခများနှင့်ဝယ်ထားခြင်းပင်။
ဒီလိုအခြေအခိုင်အမာလုပ်ငန်းများရှိလျှက်နှင့် ဘာကြောင့်ဆရာဝန်ဘဝထဲကို ထပ်မံဝင်ရောက်ခဲ့လာလည်းဟုမေးခွန်းထုတ်လာလျှင်တော့...ရုပ်ရှင်ဆန်ဆန်ပင်ပြန်ဖြေရတော့မည်။
ပထမအချက်က ဆေးကျောင်းတက်နေရစဉ်ကာလတုန်းကလည်း ဆေးကုသဖို့ဘက်ကိုဝါသနာသိပ်မပါခဲ့ကြောင်းဝန်ခံရမည်။ အဲ့ဒီအချိန်ကတည်းက ပန်းချီကလည်းစဆွဲနေပြီမို့ ကိုယ်ပိုင်ဝင်ငွေကလည်းရှိနေပြီပင်။
ဒုတိယအချက်ကတော့ အဘိုးဖြစ်သူကသူ့ကိုဆရာဝန်ကောင်းတစ်ယောက်ဖြစ်စေချင်သည်ပင်။ အဘိုးဆုံးသွားတော့ သူအတော်ခံစားလိုက်ရသည်မို့ ဒီလမ်းကြောင်းကိုဦးတည်ခဲ့သည်။
တတိယအချက်ကတော့ လူနာတွေကိုစတင်မြင်လိုက်ရခြင်းမှာ ဝင်ရောက်လာသည့် ကယ်တင်မည်ဟူသောအတွေးပင်။ အားကိုးတကြီးနှင့် မျှော်လင့်ချက်များဖြင့် ကြည့်လာသည့်မျက်ဝန်းများကို Taehyungရှောင်ဖယ်မနေနိုင်ပါ ဒါကြောင့်လည်းဒီလုပ်ငန်းမှာပျော်မွေ့လာခဲ့သည်။
YOU ARE READING
Doctor's Boy(Completed)
Dragosteအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။