(Unicode Version)
မောင့်ရဲ့ဖုန်းခေါ်သံကြားမှ Hoseokအိပ်ရာကပြန်နိုးလာခဲ့သည်....။အောက်ပိုင်းဆီမှနာကျင်နေမှုကတော့ ပြောမပြတတ်အောင်ပင်။
မောင်ကHoseokနဲ့ဆန့်ကျင်ဘက်....အပြင်စာတွေတအားကြိုက်သူဖြစ်သည်။ Hoseokကတော့ ကိုယ့်အိမ်မှာကိုယ် သန့်သန့်ရှင်းရှင်းချက်ပြုတ်စားသောက်ရတာကြိုက်တဲ့သူ....။
အခုလည်း ဘာမှဝယ်မလာနဲ့လို့ပြောလိုက်ပင်မဲ့ ဝယ်လာမယ့်ပုံပင်.....။
အပြင်စာတွေအများကြီးမစားစေချင်၍ ထမင်းတစ်အိုးတည်ပြီး အရည်သောက်တော့လုပ်ထားဦးမှဟုတွေးရင်း အိပ်ရာကထလိုက်တော့ တော်တော်နှင့်မထနိုင်ပင်....။
မောင်ပေးခဲ့သောနာကျင်မှုဖြစ်၍ ကျေကျေနပ်နပ်ကြီးကိုခံယူမိပါသည်။
ဘေးကစားပွဲခုံပေါ်မှာမောင်တင်ပေးခဲ့သော ဆေးတို့ကိုယူသောက်ပြီးနောက် ထမင်းချက်ခြင်းကိုစတင်ခဲ့ပေသည်။
ဒီအချိန်မှာရောက်လာသော ဧည့်သည်က Namjoon...။
လည်ပင်းအပြည့် အမှတ်သားရာတွေပြည့်နေသော Hoseokကိုမြင်တော့ Namjoonက ရယ်မိမိလိုဖြစ်ပြီး မနည်းထိန်းကာ မသိချင်ယောင်ဆောင်နေပေသည်.....။
"မသိချင်ယောင်ဆောင်မနေနဲ့....မင်းညီလက်ချက်တွေ"
Hoseokစိတ်ပေါက်ပေါက်ဖြင့်ထပြောလိုက်ကာမှ Namjoonကထရယ်လေသည်။
"ဟား..ဟား...ငါ့ညီမှန်းမင်းသိပြီးသွားပြီပေါ့...ငါကသတင်းလာမေးရင်း...ငှက်သိုက်တွေလာပေးတာ..."
Namjoonကငှက်သိုက်ခြင်းကို စားပွဲပေါ်မှာတင်ထားပြီးနောက်မှာတော့ ....
"Taehyungရော မမြင်မိပါလား....."
"အပြင်ခဏသွားတယ်...ခဏနေပြန်ရောက်မယ်ထင်တယ်...မင်းဘာစားပြီးပြီလည်း...တစ်ခါတည်းစားသွားပါလား.."
"အေးကောင်းသားပဲ...ငါဘာကူရဦးမလည်း...မင်းပုံစံ ကြည့်ရတာ...အဟမ်း..."
ပြုံးစစလုပ်နေသော Namjoonကို Hoseokပဲပြားလှီးနေရင်း စွေကြည့်လိုက်လေသည်...။
"ငါထင်တာမမှားရင်...ငါ့ညီက Topမလား...."
"အေး....."
YOU ARE READING
Doctor's Boy(Completed)
Romanceအေးစက်စက်လူတစ်ယောက်ဟာ သူနဲ့ဆန့်ကျင်ဘက်ပုံစံရှိတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်လား..... ဒီလိုပဲ .....စစ်ခင်းကြတဲ့ပွဲ။ ကောင်လေးတစ်ယောက်နဲ့ သူနဲ့ပေါ့။