" ချာတိတ် မင်းငိုချင်တယ်ဆို ကိုယ့်ရှေ့မှာငိုချလို့ရတယ် ကိုယ်ရှိနေမယ် "
မင်းတိမ်လွှာ ဆိုတဲ့ ယောက်ျားဟာ ထိုကဲ့သို့သောလူမျိူးပါ...
နာမည်က မိန်းမ ဆန်သလို...လူပုံစံကလဲ နူးညံသယောင်ထင်ရပေမဲ့
ထင်မထားလောက်အောင် အေးတိအေးစက်နိုင်ပြီး..ခက်ထန်မာကြောသူ..ရက်စက်တက်သူ...ထူးဆန်းတဲ့သူ...ပြီးတော့ သူ့စိတ်ရင်းကို ဘယ်သူမှ မခန့်မှန်းနိုင်အောင်..... ဖုံးကွယ်နိုင်သူ...ဒီနေ့လို ငိုစရာ ကိစ္စတွေဟာ သူပဲ ဖန်တီးခဲ့တာလေ...
မိုးသားဖြူငိုမယ်ဆိုရင်တောင်...ငိုအောင်လုပ်တာ သူပဲမဟုတ်ပါလား...မင်္ဂလာပွဲ....မှာ သူဟာ သူတိုးသား မိုးသားဖြူဟာ သူတိုးသမီး...
ဟုတ်ပါတယ် ဒီနေ့ဟာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲ ကျင်းပတဲ့နေ့ပေါ့..
သေချာတာတော့ သူတို့နှစ်ယောက်စလုံးမှာ အချစ်မရှိနေပါဘူး မိုးသားဖြူကို လူတွေကြားက ဆွဲချခေါ်ထုတ်သွားပြီး..
ခိုးပြေးသွားခဲ့တာ...
ဘာကြောင့် ဒီလို လုပ်ခဲ့လဲ သူကိုယ်တိုင်သာ သိလိမ့်မယ်......မင်းတိမ်လွှာ...
မျိူးရိုးစဥ်ဆက် ချမ်းသာခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံထားသူ....အသားဖြူဖြူ အရပ်ရှည်ရှည်ကိုမှ ခန္ဓာကိုယ်အချိူးစားက အားကစားသမားတယောက်လို တောင့်တောင့်တင်းတင်းရှိလှသလို...
အတိုက်အခိုက်ကျွမ်းကျင်သူဖြစ်ပြီး....
ကြည်ကြည်လင်လင်ရှိလှတဲ့မျက်လုံး...
နက်မှောင်တဲ့မျက်ခုံးအပြင်...
ရှည်လျှားတဲ့မျက်တောင်တွေပိုင်ဆိုင်ထားတဲ့ ချောမောတဲ့မျက်နှာပိုင်ရှင်..
နှာတံစင်းစင်း...နှုတ်ခမ်းထူထူနဲ့....
ဒီအမျိူးသားဟာ ...ရုပ်ရည်နဲ့မလိုက်အောင် ခက်ထန်တယ် အပြုံးအရယ်ကင်းတယ်...
သူ့ Profile ကို လျှိူ့ဝှက်ထားတက်သူမို့...
သူ့ဘယ်လောက်ထိချမ်းသာနေသလဲ...
ဘယ်လို လုပ်ငန်းတွေ ပိုင်ဆိုင်သလဲ...
ဘယ်လောက်အထိ ပိုင်ဆိုင်သလဲ...
ဘယ်သူမှ မသိ....ပေါ်ချင်တဲ့နေရာမှာ ပေါ်လာတက်ပြီး...
သူပေါ်လာတဲ့ ပတ်ဝန်းကျင်ဟာ....သူပိုင်ဆိုင်နေတက်တာမျိူး...
သူ့အတွေးတွေကို ဘယ်သူမှမမြင်နိုင်သလိုပဲ.
![](https://img.wattpad.com/cover/268605566-288-k720316.jpg)
VOCÊ ESTÁ LENDO
ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed)
Mistério / Suspenseမချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...သူများဆီမှာ ခံလာရခဲ့ရရင် ကိုယ်ရှေ့မျက်ရည်မကျနဲ့...ချာတိတ် " မင်းတိမ်...