အပိုင်း.... ၁၈

13.7K 482 28
                                    

'' အခု အမအိမ်က စထွက်သွားထဲက တိမ်လွှာနဲ့ ချစ်သူတွေလို့ မှတ်လိုက်တော့...
တိမ်လွှာပြောတဲ့အတိုင်း...မိုးသားက လိုက်နာပေးပါ "

အိမ်ထဲက ထွက်လာလာချင်း.. ....

သူမ အတွေးတွေက အမ ပြောတဲ့ စကားတွေသာ အထပ်ထပ်ကြားယောင်ရင်း

'' ဟူးးးး ''

သက်ပြင်းချလိုက်မိရဲ့...

'' အဆင်ပြေရဲ့လား ချာတိတ်..."

'' ဟုတ် ပြေပါတယ်အကို ''

'' ပြေတယ်သာ ပြောတာ သက်ပြင်းတွေချလိုက်တာမှ "

'' မပြောတက်တော့ဘူး အကို နဲနဲတော့ စိတ်ကျဥ်းကျပ်တယ် "

'' ကိုယ့်ကြောင့် လား "

'' မဟုတ်တာ..အကိုနဲ့မို့သာ နဲနဲ ဖြေသာတာ "

စိတ်ရှုပ်နေပုံရတဲ့ သူမ မျက်နှာလေးကြည့်ရင်း...

ချစ်သူ အဖြစ်ဟန်ဆောင်ယုံတောင် ဒီလောက်မျက်နှာပျက်နေရင် ကိုယ်သာ မင်း ယောက်ျားမှန်းသိရင် ဘယ်လိုနေလိမ့်မလဲ ချာတိတ်

တကယ်ဆို သူမ...သူ့ကို မှတ်မိဖို့

အရင်ကဖြစ်ခဲ့တဲ့ အခြေနေတွေနဲ့ ထပ်တူ မနည်းဖန်တီးခဲ့ရတာ...

သူမ မျက်နှာလေးမြင်တိုင်း... ဆွဲနမ်းချင်စိတ်တွေ ထိန်းချူပ်ထားခဲ့ရတာ အကြိမ်ကြိမ်..
သူမ ဖြစ်တည်နေတဲ့ ကမ္ဘာလေး ပျောက်ဆုံးသွားမှ...
နာကျင်ရတာ အခါခါ

သူမ လက်ကလေးကို လှမ်းပြီး ဆွဲကိုင်လိုက်တော့..သူမ မော့ကြည့်လာသည်

'' ကိုယ်တို့ ချစ်သူ တွေ မဟုတ်လား "

သူမ မျက်နှာလေးရဲသွားကာ...

ခေါင်းသာ ညိမ့်ပြသည်..

နူးညံလွန်းတဲ့ ဒီလက်ကလေးတွေ...ဒီအထိအတွေ့လေးတွေကို

လွမ်းနေခဲ့တာချာတိတ်ရာ

'' ကိုယ်တို့ ပထမဆုံး ချစ်သူ စဖြစ်တဲ့ အနေနဲ့ ရုပ်ရှင်သွားကြည့်ကြမလား....မင်းကြည့်ချင်တယ်လို့ပြောနေတဲ့ကား ရုံတင်တယ် "

'' ဟယ် တကယ်လား အကို "

သူမ ကြည့်ချင်တယ်လို့ ခနခန ပြောနေတဲ့.

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed) Tempat cerita menjadi hidup. Temukan sekarang