မိုးသားဖြူနဲ့ သူ လက်ထပ်ခဲ့တာ သူ့ဦးလေးအတွက် အဆိုးဝါးဆုံးသတင်းဆိုတာ သူ သိတယ်.....
ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သူတို့ကို တလ အတွင်းကွဲသွားစေဖို့မျှော်လင့်နေမှာပဲ...." ကိုယ်တို့ကို တလအတွင်း ခွဲဖို့ သူကြိုးစားလိမ့်မယ်...မင်း ဒီတလ အတွင်းမှာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရလိမ့်မယ် "
'' တလ အတွင်း...... ဘာလို့လဲ "
'' မင်းသိထားလား....ကိုယ်က Sky Castle ရဲ့ အမွေဆက်ခံသူဆိုတာ "
'' မင်္ဂလာပွဲမတိုင်ခင်ကမှ သိထားတယ်အကို "
'' ဘာလို့အမွေဆက်ခံသူဖြစ်လဲ မင်းသိလား "
'' ဟင့်အင်း "
'' ကိုယ်တို့ မိသားစု မှာ အမွေဆက်ခံသူ မျိူးဆက် ကိုယ်တယောက်ပဲရှိတာမို့လို့ "
'' ဟင်...ဦးလေးရှိတယ်ဆို "
'' ဒါပေမဲ့...သူ့မှာ သားသမီးမျိူးဆက်မရှိဘူး
သူ့ဇနီးဘက်ကပါတဲ့ သမီးနှစ်ယောက်ပဲရှိတာ ဒါလဲ ကိုယ်တို့သွေးသားအရင်း မဟုတ်ဘူးလို့ ကိုယ့် အဖွားက လက်ခံထားတာမို့...
ကိုယ်တို့မိသားစုရဲ့ တစ်ဦးတည်းသော မျိူးဆက်ဖြစ်တဲ့ ကိုယ့်ဆီ အရာရာ အပ်ခဲ့တာ...
ဒါပေမဲ့...ဘယ်တော့မှ ဘက်လိုက်ဆုံးဖြတ်လေ့မရှိတဲ့ အဖွားက သူရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုယ့် ဖေဖေနဲ့ ဦးလေး နှစ်ယောက်စလုံးကို သူပိုင်ဆိုင်တဲ့ အမွေတွေ အချိူးကျ ခွဲဝေပေးခဲ့ပြီးသားပါ...
အမွေတွေအချိူးကျ ပိုင်ဆိုင်ပေမဲ့...ကိုယ့်မေမေဟာလဲ ကိုယ့်ဖေဖေထပ်မနိမ့်တဲ့ ကြွယ်ဝတဲ့မိသားစုက တဦးတည်းသောသမီးဖြစ်တာမို့...ကိုယ့်မိဘတွေဆုံးတော့ ကိုယ်လွှဲပြောင်းရလိုက်တဲ့အမွေတွေက မင်းကြားထားသလို အနေအထားဖြစ်သွားခဲ့ရတာ....
ဒီအခြေနေထိ ကိုယ်နဲ့ လေးငယ် အဆင်ပြေပါသေးတယ်...ကိုယ့်အမွေတွေအကုန် သူပဲ ထိန်းသိမ်းပေးခဲ့သလို သူက မိသားစု ရှေ့နေလဲ ဖြစ်တာမို့ အစစ အရာရာ ဥပဒေကြောင်းအရပါ စီမံပေးခဲ့တယ်....ကို့အသက် ၂၅မှာအမွေတွေအကုန်လွှဲပြောင်းပေးခဲ့တယ် "'' ညီမ အကို့ဦးလေးကို သိပါတယ်...KHA Group ရဲ့ ဥက္ကဋ္ဌ မဟုတ်ဘူးလား ဘယ်လိုလုပ်ရှေ့နေ့..."

ESTÁS LEYENDO
ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed)
Misterio / Suspensoမချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...သူများဆီမှာ ခံလာရခဲ့ရရင် ကိုယ်ရှေ့မျက်ရည်မကျနဲ့...ချာတိတ် " မင်းတိမ်...