'' နွယ်လေး သစ္စာရှင်ကို ဘာလို့ ကို့သဘောနဲ့ကိုယ် နယ်ပို့ပစ်လိုက်ရတာလဲ "
'' ကြည့်မရလို့လေ "
''ဟာကွာ နွယ်လေး ''
'' ကိုကို... နွယ်လေးကို လာမအော်နဲ့နော် အာ့မိန်းကလေးကို ထိတာနဲ့ ကိုကို ဖြစ်ပျက်နေလိုက်တာ ဘာသဘောလဲ "
'' နွယ်လေး သူ့ကို မကြည်တာ ကိုကိုသိတယ် ဒါကြောင့်မို့လဲ ကိုကို သူ့ကို ကို့ကိုအနားက ဖယ်ထုတ်လိုက်ဖို့ စီစဥ်ပြီးသားပါကွာ... "
ဒေါသတွေ နဲ့ ရန်တွေ့နေသည့် နွေဦးနွယ်က...
သူ့ရင်ခွင်ထဲ တိုးဝင်လာပြန်ကာ...
ခါးကိုဖက်.. သူ့ရင်အုပ်ကျယ်တွေထဲ မျက်နှာအပ်ရင်း'' ကိုကို စီစဥ် ထားတာ သူ့ကို အမြင့်ရောက်အောင်ပို့မလို့လေ Forgein ရုံးကိုပို့ ပညာတွေသင်ပေးအုန်းမလို့မဟုတ်ဘူးလား.."
တကယ်ဆို သစ္စာရှင်က သိပ်တော်ပြီး အရည်ချင်းရှိသူမို့..
သူ....အနားဆက်မထားချင်ပေမဲ့လိုအပ်နေတဲ့ ပညာအချိူ့သင်ပေးရင်း ရုံးခွဲပြောင်းဖို့ စဥ်းစားထားခဲ့တာ
အရည်ချင်းရှိတဲ့ ဝန်ထမ်းတယောက်ကို လွယ်လွယ် လက်မလွှတ်ချင်တဲ့ ညာဥ်ကြောင့်ရယ်သာ...သို့သော်...
နွယ်လေးရဲ့ သဝန်တိုမှု့တွေဟာ တနေ့တခြား မြင့်တက်လာတာမို့...
စိတ်မြန်လက်မြန်ရှိတဲ့ သူမက..
နယ်ပြောင်းသည့်စာ ထုတ်ပစ်လိုက်သည်..သူ တခုခု ပြောဖို့ ပြင်လိုက်ပြီးမှ..
ရင်ခွင်ထဲကနေ မော့ကြည့်နေသည့် မျက်နှာလေးကြောင့်...
လျှော့ချလိုက်ရပေမဲ့...သိပ်ပင်ပန်းလွန်းတယ် နွယ်လေးရာ
အရင်နှင့်မတူ...
အရမ်းချွဲတက်လာသည်မို့...
သူမ ချွဲနွဲ့လာရင် သူ မခံနိုင်လျှော့ပေးလိုက်ရပေမဲ့...တချိူ့ပြသာနာတွေဟာ ပြေလည်သွားတာ မဟုတ်သည်မို့..
ရင်ထဲ အစိုင်အခဲ မဖြစ်ဖို့ သူအတော်ထိန်းရသည်....သူမဟာ လူတယောက်ကို ကိုင်တွယ်ရာမှာ တော်လှသည်..
တင်းလိုက်...
လျော့လိုက်နှင့်မို့...

VOCÊ ESTÁ LENDO
ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed)
Mistério / Suspenseမချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...သူများဆီမှာ ခံလာရခဲ့ရရင် ကိုယ်ရှေ့မျက်ရည်မကျနဲ့...ချာတိတ် " မင်းတိမ်...