လူက ပူရှိန်းရှိန်းနဲ့ နေရတာ တမျိူးဖြစ်လာကာ...
ညနေစာ စားပြီးသော်လည်း ဆေးမသောက်နိုင်သေး...တအားပူလာတာ နေမထိထိုင်မသာ...သူကလဲ ပြန်မရောက်လာသေး..
သူမ ခြံထဲဆင်းလမ်းလျှောက်ရကောင်းမလား...
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ...
'' အဟင်း နေလို့မှကောင်းရဲ့လား မိုးသားဖြူ "
'' ဟင် လရောင်ခြယ် ရှင်ဘယ်လို... ကျမ အခန်းထဲရောက်လာတာလဲ ထွက်လား "
လရောင်ခြယ် ခပ်မဲ့မဲ့ပြုံးရင်း..သူမလက်ကိုစောင့်ဆွဲခေါ်ချလာကာ...အခန်းတခန်းရှေ့အထိ ဆွဲခေါ်ချလာသည်..
သူမ ရုန်းသော်လဲ လူက အားမရှိ...
ချွေးတွေ ပြန်ကာ...
'' ကိုကို ဦးလေးရဲ့ ဇနီးအဖြစ် တာဝန်ကျေပေးလိုက်အုန်း hkhk ''
သူမ ကို ထိုအခန်းထဲ ဆွဲခေါ်သွားကာ...
'' လရောင်... သမီးကြီး ဘာတွေ...လုပ်နေတာ..လဲ ''
'' ဖေဖေအတွက် မယားငယ်ငယ်လေး ရှာပေးတာလေဖေဖေရဲ့ မရှက်ပါနဲ့ မကြာခင် နှစ်ယောက်စလုံး ဆေးအရှိန်ပြပြီး အရှက်တရားတွေ ရှိနိုင်အုန်းမလားလို့ ဟဟားးးး ''
'' မဟုတ်.....မှ လွဲ ''
'' ဟုတ်တယ်ဖေဖေ Hkhk ''
လရောင် သူမ အနား ကပ်လာကာ...
'' မင်း အားမရှိဘူးထင်တယ် တို့ ကူညီရမှာပေါ့ "
သူမ ဝတ်ထားတဲ့ Night dress ကို အတင်းဆွဲချွတ်နေကာ ဆွဲဖြဲပစ်လိုက်သည်
'' ဟင့်အင်းး ရှင်..ာဖယ်...ဖယ်နော်..ကျမကိုလွှတ်ပါ..အကို..အကို ရေ ''
ရှိသမျှ အားနဲ့ အတင်းရုန်းကန်ကာ...
ဒီနေရာက လွတ်မြောက်နိုင်ပါ့မလား...
သူမတို့ရုန်းရင်းကန်ရင်း...သူမ အသံကုန် အော်ဟစ်နေသော်လဲ ကူကယ်ရာမဲ့......
'' ဒုန်း.. ဖြောင်း "
လှုပ်ရှားမှု့တွေက မြန်ဆန်လွန်းသည်....
သူ...သူများလား..
'' လရောင်ခြယ် ...မင်း မင်း...နောက်မှတွေ့မယ် "

ESTÁS LEYENDO
ရွှေစံအိမ်ရဲ့ချစ်အိမ်မက်(Completed)
Misterio / Suspensoမချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...သူများဆီမှာ ခံလာရခဲ့ရရင် ကိုယ်ရှေ့မျက်ရည်မကျနဲ့...ချာတိတ် " မင်းတိမ်...