Ep-1 (Uni/Zawgyi)

4.3K 276 38
                                    

Unicode
_________







​ဘေးပတ်ပတ်လည်မှာ အ​ငွေ့​တွေလှိုင်နေတဲ့
​ချော်ရည်ပူ​တွေဝန်းရံ​နေ​သော ​တောင်ထိပ်တစ်​နေရာမှာ
Lisa က သံကြိုးခတ်ခံထားရပြီး ကြာပွတ်နဲ့အရိုက်ခံ​နေရတယ်

သူမရဲ့ မျက်လုံးက​နေ တစ်ဆင့်
ထွင်း​ဖောက်မြင်​နေရတဲ့ မြင်ကွင်းတစ်ခု ~

​ကောင်းကင်ရဲ့အ​ပေါ်ဖက် တိမ်​တွေကြားမှာ
​ကြောက်လန့်တကြီး​ ပြေး​လွှားနေတဲ့ Jennie က
​​ချောက်ကမ်းပါးစွန်းတစ်ခုမှာ ​ချောင်ပိတ်မိ​သွားတယ်

သူမရဲ့အ​နောက်မှာ​တော့
ထူးဆန်းတဲ့လက်နက်​တွေ ကိုင်ထားတဲ့
စစ်သည်ပုံစံအမျိုးသား​ထောင်​ကျော်ဟာ
Jennie ကို ဝန်းရံထားခဲ့သည်


" ခုလိုမျိုး ထွက်ပြေး​နေလို့မရပါဘူး မင်းသမီး !
​ကောင်းကင်ဘုံက လုံးဝလက်မခံနိုင်တဲ့ ကျင့်ဝတ်
​ဖောက်ပြားမှုကို ကျူးလွန်ခဲ့တာ​ကြောင့် အပြစ်ခံရပါမယ် "


" နင်တို့ ငါ့ကိုဘယ်သူမှတ်​နေတာလဲ ?
​ကောင်းကင်ဘုံရဲ့ အကြီးဆုံးနတ်ဘုရား​တွေထဲမှာ
ငါဆိုတဲ့ ​နေနတ်ဘုရား Hilos ရဲ့သမီး​တော်လည်းပါတယ် "


Jennie ရဲ့ စကား​ကြောင့် အ​စောက
​ပြောတဲ့ အမျိုးသားက တခြား 2 ​ယောက်ကို အချက်ပြတယ်

သူတို့က Jennie ကို
အတင်းချုပ်​နှောင်ပြီး ဒူး​ထောက်​စေသည်


" သဘာဝတရားရဲ့နတ်ဘုရားမဖြစ်တဲ့
Circe ကို ကျွန်​တော်မျိုးက မသိဘဲ ​နေပါ့မလား ?
ဒါ​ပေမယ့် အဲ့လိုနတ်ဘုရားတစ်ပါးက
အပြစ်ဒါဏ်​အတွက် ဝံပု​လွေတစ်​ကောင်အဖြစ်
​အပြစ်ခံ​နေရတဲ့သူကို ဘာ​ကြောင့် လူသားအဖြစ်​
ပြောင်း​ပေးလိုက်ရတာလဲ ? "


" ငါ Zeus ကို ကိုယ်တိုင်​တွေ့ပြီး စကား​ပြောမယ် "


" ရာရာစစ မင်းလိုအပြစ်သားက
နတ်မင်းကြီးကို ​တွေ့ခွင့်​တောင်း​နေတာလား ? "


" ငါက သူ့အမြင်​တော်ရဲ့ သမီးပဲ​လေ
ဘာ​ကြောင့် သူ့ကို ​တွေ့လို့ မရ ရမှာလဲ ? "


Jennie ရဲ့ ​အော်လိုက်တဲ့အသံ​ကြောင့်
ထိုအမျိုးသားက ​ဒေါသထွက်သွားပြီး လျှပ်စီးလက်​နေတဲ့
ညာဖက်လက်နဲ့ ရိုက်ချဖို့ရွယ်လိုက်တယ်

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now