Unicode
_________Lisa နိုးလာတော့ ကုတင်ပေါ်မှာဖြစ်ပြီး
မနေ့ကအကြောင်းတွေကို ပြန်စဥ်းစားမိတဲ့အခါ
ညီမဖြစ်သူအပေါ်မှာလည်း အရမ်းအားနာမိတယ်နှစ်ယောက်လုံးကိုစိတ်ချခဲ့ချင်လို့
သူတို့သဘောကျလား မကျလားဆိုတာကို
မမေးမြန်းဘဲ Lisa စိတ်ကြိုက်စီစဥ်ခဲ့တာဒါပေမယ့် အားလုံးကအစီအစဥ်အတိုင်းပဲ
မကြာခင် Lily နဲ့ Jennie တို့ကို Lisa ကိုယ်တိုင်
ထိမ်းမြားပေးရမယ့်နေ့ကို ရောက်လာတော့မယ်နောက်ပြီးတော့ Lisa ရဲ့ နောက်ဆုံးနေ့ ~
အတွေးတွေကို လက်စသတ်လိုက်ပြီး
မနက်စာစားဖို့အောက်ထပ်ကိုဆင်းလာတော့
ရယ်သံသဲ့သဲ့ နဲ့ စကားသံတစ်ချို့ ~Dining room ထဲမှာ ခေါင်းချင်းဆိုင်နေကြတဲ့
Jennie Kim နဲ့ Lily တို့ အနားမှာ Lisa ဝင်ထိုင်ပြီး
ပြင်ထားတဲ့မနက်စာကိုယူစားရင်း နားစွင့်မိတယ် ။" Jeju-do ( ဂျယ်ဂျူဒို) ရဲ့
Haevichi Hotel ဆိုရင်ကော ? "" ပင်လယ် ကို နောက်ခံထားတာ
သိပ်တော့မဆိုးပါဘူး ~ ကောင်းသားပဲ
ဒါပေမယ့် Bali ( ဘာလီ ) ကျွန်း က
ရေတံခွန်အောက်မှာဆိုရင်ကော မကြိုက်ဘူးလား ? "Ph တစ်လုံးတည်းကို အတူကြည့်နေပြီး
ဂျယ်ဂျူကျွန်း နဲ့ ဘာလီကျွန်း က
Hotel တွေ အကြောင်းဆွေးနွေးနေတဲ့
Jennie နဲ့ Lily တို့ကို Lisa သိပ်တော့
နားမလည်မိပေမယ့် ဆက်နားစွင့်နေလိုက်သည် ။" နင်ရောဘယ်လိုထင်လဲ အမ ?
Jennie Kim က ဂျယ်ဂျူကျွန်း Hotel မှာ
မဂ်လာပွဲကို ကျင်းပစေချင်တာတဲ့
ဒါပေမယ့် ငါက ...ရုတ်တရက် Lisa ကို လှမ်းမေးလာတဲ့
Lily ကြောင့် မော့ကြည့်ပြီး နားထောင်လိုက်တော့
အစောက သူမတို့ပြောနေကြတာဒီကိစ္စလား ?" ငါ မဂ်လာပွဲအတွက် စီစဥ်ပြီးသွားပြီ "
Jennie နဲ့ Lily ရဲ့ အကြည့်တွေက
Lisa ဆီကို တစ်ပြိုင်တည်းရောက်လာခဲ့တယ်
YOU ARE READING
Cruel Flowers ( Season 2) : Pains of My existence