Unicode
________" တို့ Li ပြောသလို
Lily နဲ့ လက်ထက်ပါ့မယ် "ဒါက Lisa ဝမ်းသာသင့်တယ်လေ ။
ဘာကြောင့် ရင်ဘက်ထဲမှာထုထည်တစ်ခု
လစ်ဟာသွားသလိုမျိုး ခံစားနေရတာလဲ ?အရာအားလုံး အဆင်ပြေသွားပြီပဲ Lisa !
စိတ်ထဲမှာကိုယ့်ကိုယ်ကိုပြန်ပြောရင်း
အပြင်ပန်းမှာအတတ်နိုင်ဆုံးပြုံးလိုက်တယ် ။" ကျေးဇူးပဲ Jennie !
Lily က လူကောင်းတစ်ယောက်ပါ "" တို့ သိပါတယ် "
ပြုံးပြလာတဲ့သူမဟာ
ဒီတစ်ခါတော့ Lisa ကို ဝမ်းနည်းစေတယ် ၊ကျောခိုင်းရင်း ကိုယ့်အခန်းဆီကို
ထွက်လာတဲ့တစ်လျှောက် ခြေလှမ်းတိုင်းမှာ
Lisa ရဲ့ မျက်ရည်တွေက လမ်းခင်းပေးသည် ။အခန်းထဲကိုရောက်ရောက်ချင်း
တံခါးမှာမှီပြီးထိုင်ချကာ ဒူးနှစ်ဖက်ကြား
မျက်နှာအပ်ပြီးတော့ အသံတိတ်ငိုကြွေးမိတယ် ။" ကိုယ် Ni ကို ချစ်ပါတယ်
အရာအားလုံးက Ni အတွက်ပါ "နှုတ်ကနေရေရွတ်ရင်း
မျက်ရည်တွေကြားထဲကြည့်မိသည်က
အခန်းနံရံမှာနေရာအပြည့်ယူထားတဲ့
လက်သည်းကုတ်ခြစ်ရာတွေ ၊လစ်ဟာနေတဲ့အက်ျီကြောင့်
ရင်ဘက်မှာအမှတ်အသားဖြစ်နေတဲ့
အခန်းနံရံကလိုမျိုးပုံစံတူ
လက်သည်းရာတစ်ချို့ဟာ အထင်းသား ။" မှန်တာပေါ့ Ni !
ကိုယ်ချစ်တဲ့သူကိုဘယ်သတ်ရက်ပါ့မလဲ ?
ဘယ်လိုလုပ် ကိုယ် Ni ကို သတ်ရက်မှာလဲ ? "ပြောရင်း ကျလာတဲ့မျက်ရည်တွေက
အရင်က မာကျောပါတယ်ဆိုတဲ့ Lisa ကို
လှောင်ရယ်ပြီး ပျက်ရယ်ပြုနေကြတယ် ။ဒီလောကကြီးမှာ Lisa က
လေထဲကအမှုန်အမွှားလေးပဲလေတစ်ချက်လေးဝှေ့လိုက်တာနဲ့
တိမ်တွေပေါ်ကိုရောက်သွားပြီးတော့
မိုးအဖြစ်ပြန်ရွာချတဲ့အခါ Lisa က
မြေပြင်တစ်နေရာမှာ ပြန်ကျလာမယ့်
ကံကြမ္မာရဲ့အကျဥ်းသားတစ်ယောက် ~
YOU ARE READING
Cruel Flowers ( Season 2) : Pains of My existence