Ep-5 (Uni/Zawgyi)

1.9K 233 33
                                    

Unicode
_________










​နေအလင်း​ရောင်​ကြောင့် Jennie နိုးလာ​​တော့
မ​နေ့ကအခန်းထဲမှာပြန့်ကျဲ​သွားတဲ့ အမှိုက်​တွေရှိ​မနေခဲ့ဘူး

​ခေါင်းထဲ​​ပေါ်လာတဲ့ပုံရိပ်​​တွေက အိပ်မက်ပဲထင်တယ်လို့
​​တွေးလိုက်ဖို့ရာကျ​တော့ Jennie တစ်စုံတစ်ခုကို​တွေ့လိုက်တယ်

ကြမ်းပြင်​​ပေါ်မှာကျ​နေတဲ့ ​သေနတ်ဟာ
မ​နေ့ကဖြစ်ပျက်ခဲ့သမျှကို အမှန်လို့​ပြော​နေသလိုပဲ





" Li တကယ်​ရောက်လာခဲ့တာလား ? "





Jennie အ​တွေး​တွေများ​နေခဲ့တယ်
ရုတ်တရက် သတိရသွားတာက CCTV အခန်း ~

ကုတင်​ပေါ်က​နေ ထပြီး
စာကြည့်ခန်းဆီကို အမြန်​ပြေးလာခဲ့သည်





စာကြည့်ခန်းထဲ​ရောက်​တော့ စာအုပ်စင်ကို
အခြားတစ်ဖက်ဆီတွန်းလိုက်တဲ့အခါ တံခါးချပ်တစ်ခုနဲ့
လှို့ဝှက်နံပါတ်ရိုက်ထည့်ရမယ့်screen တစ်ခု​ပေါ်လာခဲ့တယ်

231217 ဆိုတဲ့ နံပါတ်ကိုရိုက်နှိပ်လိုက်ပြီး
ပွင့်လာတဲ့တံခါးနဲ့အတူ အထဲကို Jennie ဝင်လာတယ်

တစ်လုံးတည်းသာရှိတဲ့ Laptop နဲ့ အဲ့အထဲမှာ
အလုပ်နဲ့ပတ်သတ်တာမှန်သမျှ အချက်အလက်​တွေ
အားလုံးရှိတယ်လို့ Li ကိုယ်တိုင်​ပြောပြထားခဲ့တာ

​နောက်ပြီး သူမနဲ့ Jennieရဲ့အခန်း
CCTVမှတ်တမ်းကို ဒီLaptopတစ်ခုတည်းမှာပဲ​တွေ့နိုင်တယ်





" မ​နေ့ည​နေ 5 နာရီ​လောက်က ထင်တယ် "





ပါးစပ်က​ရေရွတ်ရင်း ည​နေ 5နာရီက
CCTV မှတ်တမ်းကို Jennie ရှာ​တွေ့​တော့
​မြင်လိုက်ရတဲ့ပုံရိပ်​တွေဟာ မတ်တပ်ရပ်ထားတဲ့
​ခြေ​ထောက်​တွေကို ကြမ်းပြင်​ပေါ်​ပျော့​ခွေကျ​စေသည်အထိ ~

CCTV မှာ မ​​နေ့ကဖြစ်ခဲ့တာ​တွေ
အိပ်မက်မဟုတ်မှန်း သိလိုက်ရ​ပေမယ့်
Jennie ငို​နေတုန်း Li ရုတ်တရက်​ပျောက်သွားတယ်လို့
မှတ်တမ်းကို ဘယ်နှခါပြန်ရစ်ကြည့်ပါ​စေ ​​
အဲ့အတိုင်းပဲ ​ပေါ်​နေခဲ့တယ်





" ဒါ​တွေအားလုံးက ဘာ​တွေလဲ ?
Li က ​​ရောက်လာပြီး ရုတ်တရက် ...





Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now