Ep-2 (Uni/Zawgyi)

2.6K 247 29
                                    

Unicode
__________










Chaeyoung စံအိမ်ထဲက​နေထွက်လာ​တော့
အ​နောက်က​နေ Jisoo လိုက်ပါလာတာကိုသိတာမို့
ကားနားမှာရပ်ပြီး လှည့်ကြည့်လိုက်တယ်




" unnie ဘာ​ပြောစရာရှိလို့လဲဟင် ? "




အရင်လိုက​လေးဆန်တဲ့အပြုံးမျိုးမဟုတ်​တော့ဘဲ
တည်တည်ငြိမ်ငြိမ်​ပြောလာတဲ့ Chaeyoung ကို
Jisoo ခဏတာ​လောက် ​​ငေးကြည့်​နေပြီးမှ




" Chae ​ပြောင်းလဲသွားတယ်​နော်
အရင်လိုမျိုး ​ပေါ့​ပေါ့ပါးပါး​နေတတ်တဲ့ ...




" ​ပြောင်းလဲသွားတယ်ဆိုတာ
​အဲ့လိုမျိုး​ပြောင်းလဲ​အောင်လုပ်ခဲ့တဲ့သူက
ပိုပြီး​တော့ အသိဆုံးဖြစ်မှာ​ပေါ့​လေ "




အကြည့်စူးစူး​တွေက Jisoo ရဲ့
မျက်လုံး​ပေါ်ကို တည့်တည့်ကျ​ရောက်လာတယ်

မျက်နှာတစ်ချက်ပျက်သွားတဲ့ Jisoo ​ကြောင့်
Chaeyoung က မဲ့ပြုံးလိုက်ရင်း အကြည့်လွှဲကာ




" ​လေယာဥ်ချိန်​နောက်ကျ​နေပြီမို့
Chae သွားလိုက်ပါဦးမယ် unnie !

Lily ကို ph တစ်ချက် ဆက်ပါဦး CJ !
သမီးတို့ ​လေယာဥ်မမီလို့မဖြစ်ဘူး​နော် "




မိမိကို​ပြောပြီးတာနဲ့ ကားထဲကလူကိုလှမ်း​​ပြောတဲ့
Chaeyoung ကို အစအဆုံးလိုက်ကြည့်​နေမိတယ်

တုန်နေတဲ့ ဘယ်ဖက်လက်ကို
ညာဖက်လက်နဲ့ ဆုပ်ကိုင်လိုက်ရင်း​ပေါ့








~~~~~~~~~~~~~~~~~~~~~~~~




Jennie မတ်တပ်ထရပ်လိုက်ပြီး
​လှေကားနားက​နေ ဧည့်ခန်းဆီဝင်လာတဲ့သူကို
​သေချာစူးစိုက်ပြီး ကြည့်​နေမိသည်

ရင်းနှီး​နေတဲ့ မျက်နှာ​ကြောင့် နှုတ်က​နေ
နာမ်စားတစ်ခုကို အလိုလိုထွက်လာ​စေတယ်




" Li ! "




ဝမ်းသာအားရ​ပြေးဖက်လိုက်​ပေမယ့်
ပြန်ရလိုက်တာက သူစိမ်းဆန်ဆန် တွန်းဖယ်မှု

​နောက်ပြီး သူမရဲ့ပါးစပ်က​ပြောလိုက်တဲ့စကား ~




" တစ်ဆိတ်​လောက်
ကျွန်မက Lalily Manobanပါ "




Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now