Ep-8 (Uni/Zawgyi)

1.6K 211 22
                                    

Unicode
_________












" ဒီကိုဘာကိစ္စနဲ့​ရောက်လာတာလဲ ? "



သမီးဖြစ်သူ Chaeng ကို CJ နဲ့
အိမ်​အ​ပေါ်ထပ်ကအခန်းထဲမှာ​နေခိုင်းထားပြီး
ဧည့်ခန်းထဲမှာ​တော့ Kim Jisoo နဲ့အတူ
Chaeyoung ထိုင်​နေခဲ့တယ်

ချထား​ပေးတဲ့ coffee ခွက်ထဲက
coffee ​တွေ ​အေးစက်တဲ့အထိပင်
ဘာစကားမှမ​ပြောဖြစ်ကြ​သေး​ပေမယ့်
ဒီတိတ်ဆိတ်မှုကို Chaeက​နေ စပြီးဖြိုခွဲခဲ့သည်



" ရိုက်ကူး​​ရေးတစ်ခု​ကြောင့်
unnie ဒီကိုရောက်လာခဲ့တာပါ
က​လေးကို​​တွေ့​တော့ ဒီတိုင်းချစ်လို့ဆိုပြီး
ခဏ​ပွေ့ချီရင်း စကား​ပြောမိတာ "



" တိုက်ဆိုင်လိုက်တာ ~
unnie​ပွေ့ချီမိတဲ့ က​လေးက
ကျွန်မရဲ့သမီး ဖြစ်​နေတယ်တဲ့​လေ "



ခနဲ့သလို​ပြောလာတဲ့ Chaeyoung ရဲ့
စကားအဆုံးမှာ Jisoo , coffee တစ်ငုံ​မော့လိုက်တယ်



" က​လေးရဲ့အ​​ဖေက ဘယ်သူလဲ ? "



Coffee ခွက်ကို လက်ထဲကိုင်ထားရင်း
ရုတ်တရက်​မေးလိုက်တဲ့ Jisooရဲ့​မေးခွန်းဟာ
Chaeyoung ကို ​ရေခဲရိုက်လိုက်သလို​မျိုး
မလှုပ်မယှက်နိုင်​တော့ဘဲအေးခဲ​သွားစေတယ် ။



" Lisa မဟုတ်ဘူးလို့​ပြောတယ်​နော် !
အဲ့ဒါဆိုရင် က​လေးအ​ဖေကဘယ်သူလဲဟင် ? "



" အဲ့ဒါ unnie သိဖို့လိုလို့လား ? "



" Chae မ​ပြောနိုင်လို့လား ? "



တစ်​ယောက်နဲ့တစ်​ယောက်
ဘာစကားမှထပ်မထွက်​သေးဘဲနဲ့
စက္ကန့်ပိုင်း​လောက်အထိ
မျက်လုံးချင်းအကြည့်ဆုံနေမိတယ်



" Chaengရဲ့အ​ဖေကိုမြင်ဖူးချင်လား ? "



Chaeyoung ရဲ့အပြုံးကရိုးရှင်းတယ်

တည်ငြိမ်​နေတဲ့မျက်ဝန်း​တွေနဲ့အတူ​ပြောလာတဲ့
သူမရဲ့စကား​ကြောင့် Jisoo မျက်ခုံးအသာပင့်ရင်း ~



" ကံ​ကောင်းပြီးအရမ်းမိုက်မဲလွန်းတဲ့
အဲ့ဒီ့လူသားကို ကိုယ်မြင်ဖူးချင်ပါတယ် "












Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now