Unicode
________FORJ စံအိမ်ရဲ့အပေါ်ဆုံးအထပ်
မိသားစုအပန်းဖြေ ဥယျာဥ်ပန်းခြံငယ်လေးထဲမှာ
ဝိုင်နဲ့မြည်းစရာအသီးတစ်ချို့ကိုပြင်ဆင်ထားတယ်ညဥ့်နက်သန်းခေါင်ကျော်နေပြီဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်က အတော်လေးမှောင်မိုက်နေပြီး
အလှဆင်ထားတဲ့ ခပ်မှိန်မှိန်မီးအလင်းရောင်နဲ့
ကောင်းကင်က လရဲ့အလင်းရောင်ကြောင့်သာ
အနည်းငယ်မြင်ရသိရလောက်တဲ့ ပတ်ဝန်းကျင်မြင်ကွင်း
အနေအထားတစ်ခုမှာ Jennie ရှိနေခဲ့သည်ဖန်ခွက်ထဲကသောက်လက်စ ဝိုင်ကိုမော့ရင်း
မျက်နှာပေါ်ကိုတိုက်ခတ်လာတဲ့ လေစိမ်းတွေ ~" ဘာကြောင့် Liceက သေဖို့ထိုက်တန်ရတာလဲ ? "
ကောင်းကင်ကို မော့ကြည့်ပြီးမေးမိပေမယ့်
Jennieအတွက် ဘယ်သူမှဖြေပေမယ့်သူမရှိဘူး" သူက တကယ့်ကိုဖြူစင်ပါတယ်
အမေဖြစ်သူအတွက် လက်စားချေချင်တဲ့
စိတ်တစ်ခုတည်းကြောင့်သာ ဆိုးသွမ်းခဲ့တာပါကျွန်မ Lisaကိုလုံးဝမသတ်နိုင်ဘူး
ရှင်အဲ့ဒါကိုသိရက်သားနဲ့ ဘာလို့ခုလိုလုပ်ရတာလဲ ?
ဒါဆို Lilyကို သတ်ပစ်ရမှာလား ? "လက်ကျန်ဝိုင်ကိုမော့သောက်ရင်း
စားပွဲပေါ်မှာပြန်တင်ဖို့လုပ်တော့
လက်ချော်ပြီး အောက်ကိုကျကွဲသွားတယ်စုတ်တစ်ချက်သပ်မိတယ်
ထိုင်နေရာကနေထပြီး ဖန်ကွဲစတွေကိုကောက်ဖို့ပြင်တုန်း
လှမ်းလိုက်တဲ့လက်ကို ဖမ်းဆွဲလာတဲ့လက်တစ်စုံကြောင့်
Jennieကြောင်အအနဲ့မော့ကြည့်မိတော့ ဒါကNiရဲ့ Li ~" Li ! "
" Liမဟုတ်ဘူး ~ Lilyပါ
ဘာလို့လေစိမ်းတွေတိုက်နေရတဲ့အထိ
ဒီမှာဝိုင်လာသောက်နေရတာလဲ unnie ? "Lisa အိပ်မပျော်တာကြောင့်
လေညှင်းခံဖို့အပေါ်ထပ်တက်လာတော့
ဝိုင်ကိုဘယ်လောက်ထိသောက်ထားမှန်းမသိ
အတော်လေးမူးနေတဲ့ Jennieကိုတွေ့တယ်
YOU ARE READING
Cruel Flowers ( Season 2) : Pains of My existence