Unicode
_________Jisoo ပြန်သွားတဲ့နောက်မှာတော့
Jennie အပေါ်ထပ်ကိုတက်လာခဲ့တယ်အရင်အတိုင်းမပြောင်းလဲတဲ့အခန်းပုံစံတွေနဲ့
တစ်ချိန်ကပျော်ရွှင်ခဲ့ကြတဲ့ Li နဲ့ Jennie တို့ရဲ့ပုံရိပ်တွေ ~ကျောင်းသွားခါနီး အမေဖြစ်သူရဲ့အစား
အမြဲတမ်း နှဖူးကိုနမ်းပေးတတ်တဲ့ Li ကို
မိဘတွေအတွက်ပြန်လက်စားချေတာလားလို့
ခါးခါးသီးသီး စွပ်စွဲခဲ့ဖူးတာတွေကိုပြန်ကြားယောင်မိတယ်အလုပ်တွေရှုပ်နေတဲ့ Li က Jennieကိုပစ်ထားလို့
စိတ်ဆိုးပြီး အပြင်မှာတစ်နေကုန်နေရင်း အရွဲ့တိုက်ကာ
ပရိဘောဂဆိုင်တွေ စျေးဝယ်စင်တာတွေလျှောက်သွားခဲ့တယ်နောက်တစ်နေ့မနက်မိုးလင်းတာနဲ့
ပစ္စည်းအသစ်တွေ အိမ်ကိုရောက်လာတာသတိထားမိပေမယ့်
အရင်က သေချာမကြည့်မိခဲ့သလို စိတ်မဝင်စားခဲ့ဘူးအခုတော့ မျက်စိရှေ့မှာမြင်နေရတဲ့အရာတွေက
Jennieသဘောကျလို့ ဝင်ကြည့်ဖြစ်ခဲ့တဲ့ပစ္စည်းတွေချည်းပဲ ~တစ်ခါတစ်နေ့ ဧည့်ခန်းက စားပွဲနဲ့ဆိုဖာ တစ်ခုလုံး
အသစ်ဖြစ်နေတာတောင် ဘာဆိုဘားမှ စိတ်မဝင်စားမိခဲ့ဘူးLi က Jennie ကို အရမ်းချစ်ခဲ့တာပဲ
သူ မအားပေမယ့်
အမြဲတမ်းအနားမှာရှိနေသလိုမျိုး
အစစအရာရာ သေချာဂရုစိုက်ပေးခဲ့တာပါဒါပေမယ့် Jennie မသိခဲ့ဘူး
ဘယ်အရာတွေက ဒီလောက်မှားယွင်းခဲ့တာလဲ ?တစ်လောကလုံးမှာမှ
Jennie ရဲ့မျက်နှာတစ်ခုတည်းကိုပဲ
အမြဲဂရုတစိုက် ကြည့်နေတတ်တဲ့သူ ~" တို့ ဦးလေး Park ကိုပေးခဲ့တဲ့
ကတိတွေတောင် မတည်ဖြစ်နိုင်ခဲ့ဘူး Li ! "" Lisa က သမီး Jennie ကိုသိပ်ချစ်ရှာတာ "
" သူ့ဘေးမှာနေပြီး သူ့ကိုသေချာပြုပြင်ပေးရင်း
သမီးJennieကသာ Lisaကိုချစ်ပေးမယ်ဆိုရင်
အရမ်းကို ပြည့်စုံသွားမှာပဲလို့ ထင်မိတယ် "
YOU ARE READING
Cruel Flowers ( Season 2) : Pains of My existence