အသက်၂၈နှစ်အရွယ်နဲ့မလိုက်အောင် အောင်မြင်တဲ့SJ Group ရဲ့CEOတစ်ယောက်ဖြစ်နေတဲ့Mr.Lee Jenoဟာဒီမနက်လည်းCompanyမှာအစည်းအဝေးရှိတာကြောင့်စောစောသွားဖို့ပြင်ဆင်နေသည်။
"Jenoရေ မောင်လေး Companyသွားရင်း နင့်တူလေးကိုသူ့guide ဆရာအိမ်ဝင်ပို့ပေးလိုက်ပါလား"
"ဟာ noonaကလည်း noonaသားအရှုပ်ထုပ်လေးကိုလိုက်မပို့ချင်ပါဘူး...ပြီးရင်ကလေးအဖေလို့ထင်နေမှကောင်မလေးတွေမကြိုက်တော့ဘဲနေမှာ"
"အမလေးငါ့သားလေးကိုများအရှုပ်ထုပ်တဲ့...ကလေးအဖေလို့ထင်ရအောင်လည်းငါ့သားနဲ့နင်က၁၀နှစ်ပဲကွာတာများ"
Jenoရဲ့အစ်မLee SooyoungကJenoနဲ့အသက်တော်တော်လေးကွာတော့သူ့သားChenleနဲ့Jenoက၁၀နှစ်ပဲကွာသည်။Jenoမှာမိဘတွေဆုံးသွားထဲကအစ်မဖြစ်သူရဲ့သွန်သင်ဂရုစိုက်မှုတွေကြောင့်ပဲသူဒီလိုအောင်မြင်တဲ့စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်လာသည်။Lee Sooyoungကတော့မိဘတွေမဆုံးခင်ထဲကသူတို့Companyရဲ့တရုတ်ပြည်ကရုံးခွဲမှာသွားစီမံခန့်ခွဲရင်းစီးပွားဖက်companyပိုင်ရှင်ရဲ့သားတရုတ်လူမျိုးနဲ့ပဲအိမ်ထောင်ကျခဲ့သည်။တရုတ်ပြည်မှာပဲအခြေချခဲ့ပေမယ့်အခုသားလေးကို
ကိုရီးယားမှာကျောင်းဆက်ထားချင်တဲ့အတွက်ပြန်လာခြင်းဖြစ်သည်။သားလေးအတွက်တိုက်ခန်းတစ်ခုရှာနေတာအဆင်မပြေမချင်းမောင်ဖြစ်သူJenoအိမ်မှာနေရင်းမတွေ့ရတာကြာတဲ့မောင်နှမနှစ်ယောက်အလွမ်းသယ်ဖြစ်ကြသည်။
Lee Jenoဆိုသည်မှာလည်းတခြားသူတွေအမြင်မှာဘယ်လောက်ပဲတည်ကြည်ခံ့ညားနေပါစေ သူ့အစ်မနဲ့ဆိုအချွဲလေးဖြစ်သွားရောပဲ။အခုလဲတူနဲ့ပြိုင်ပြီးဆိုးနေလေရဲ့။"noonaသားကိုခေါ်သွားပေးမယ် အဲ့တော့ပြန်လာရင်ကျနော်ကြိုက်တဲ့ဟင်းတွေချက်ထားပေးနော်
ကျနော်ထမင်းစားမကောင်းတာကြာပြီ""ကောင်းမလား...
ဆိုင်ကမှာစားလိုက် အပြင်ထွက်စားလိုက်လုပ်နေတာကိုး ပိုက်ဆံတွေဒီလောက်ပေါနေတာကိုအိမ်မှာအကူခေါ်ထားပါပြောတာတစ်ခါမှနားမထောင်ဘူး အဲ့လိုဆိုဘယ်လောက်အဆင်ပြေလဲ ဒါမှမဟုတ်လည်းဟိုတယ်ကစားဖိုမှူးတစ်ယောက်ကိုအချိန်ပိုင်းငှားကြည့်ပါလားJenoရယ်"