BOSS'S Chapter (10)

477 68 6
                                    

"Jaeminnie ကိုယ့်ကိုအဖြေပြန်မပေးသေးဘူးလား"

အလုပ်သွားနေရင်းကားပေါ်မှာပဲJenoကJaeminကိုမေးလိုက်သည်။
Jaeminကိုဖွင့်ပြောတာ ၁ပတ်ကျော်သွားပေမယ့် Jaeminကအဖြေမပေးသေးပဲအချိန်ဆွဲနေတာကြောင့် Jenoမှာရင်တထိတ်ထိတ်ဖြစ်နေရသည်။
ငြင်းလိုက်မှာလည်းကြောက်သလို အဖြေပြန်ပေးမယ့်အချိန်ကိုစောင့်နေရတာလည်း သူစိတ်မရှည်။

"ဟိုလေ...hyung ကျနော့်ကိုအချိန်နည်းနည်းလေးထပ်ပေးလို့ရမလား"

"Jaeminnieအချိန်ယူနေတာကြာပြီမဟုတ်ဘူးလားကွာ"

Jaeminလည်းဖြစ်နိုင်ရင် ချစ်တယ်လို့ချက်ချင်းပြောချင်တာပေါ့။
ဒါပေမယ့် Jenoကသူ့ကိုချစ်တယ်လို့ပြောခဲ့တယ်ဆိုတာ သူ့အတွက်အခုထိအိပ်မက်ဆန်နေဆဲ။
Jenoလိုလူကသူ့ကိုလေ....
အထူးသဖြင့် Jenoကယောကျ်ားလေးတစ်ယောက်ဖြစ်တဲ့သူ့ကိုလေ....

"နာရီပိုင်းလောက်ပါပဲhyung"
ကျနော် ဒီနေ့ပြန်ပြောပါ့မယ်

"အိုခေ အဲ့လိုမှပေါ့..."

Jenoကအဲ့လိုမှပဲပြုံးရယ်သွားတော့သည်။
Jaeminမှာတော့ Jenoရဲ့အပြုံးကိုကားမှန်ကတစ်ဆင့်ခိုးကြည့်ရင်း ထပ်ဆင့်ရင်ခုန်ရပါသေးသည်။

.........

"Shuhua ah"

Shuhuaအလုပ်စားပွဲကိုသွားပြီး Jaeminတစ်ယောက်စကားစတော့သည်။

"omm"

"ငါ့သူငယ်ချင်းတစ်ယောက်အကြောင်းမေးချင်လို့
ငါ့အကြောင်းမဟုတ်ဘူးနော်"

"အော် ဟုတ်လား
နင့်သူငယ်ချင်း Na Jaeminအကြောင်းပေါ့"

"အေး Na Jae..
ဟာ နင်ကလည်း ငါ့သူငယ်ချင်းအကြောင်းပါဆို"

"Na Jaemin
နင်ငါ့ကိုဟန်းဂုလူမျိူးမဟုတ်လို့အထင်သေးနေတာလား ငါDramaတွေအစုံကြည့်ဖူးတယ်နော်
Dramaတွေထဲမှာဆို ငါ့သူငယ်ချင်းအကြောင်းဘာညာပြောပြီး ကိုယ့်အကြောင်းကိုယ်မေးကြတာလေ နင့်အကွက်တွေရိုးနေပြီ"

"နင်တော်တော်တတ်နေတယ်ပေါ့ Yeh Shuhua"

Jaemin Shuhuaကိုအရှုံးပေးတဲ့အကြည့်နဲ့ပဲကြည့်နိုင်တော့သည်။

"ပြောမှာသာပြောစမ်းပါ
အလုပ်ချိန်ကြီးငါတို့စကားပြောနေတာနော်
အဆူခံနေရဦးမယ်"

BOSS'SWhere stories live. Discover now